Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Saturday, July 13, 2013

★စိတ်တံခါး ★

★စိတ်တံခါး ★



ညမှာဖြစ်ဖြစ်
နေ့မှာဖြစ်ဖြစ်
မင်းအရာအားလုံးကိုမင်းမြင်နိုင်ပါတယ်
နေ့တွေမှာ
မင်းဘာကြောင့်ပြတင်းတံခါးကိုပိတ်ထားတာလဲ?
မင်းတံခါးလေးကိုသာဖွင့်ထားလိုက်ပါ
တံခါးလေးကိုဖွင့်ထားလိုက်တာနဲ့
မင်းသဘာဝကိုခံစားနိုင်မယ်
မင်းအတွက်အမြင်သစ်တွေရမယ်
ကမ္ဘာလောကကြီးရဲ့ပြစ်ပျက်နေတာကိုလည်းတွေနိုင်မယ်
တကယ်လို့မင်းငါကိုလွမ်းတယ်ဆိုတံခါးလေးကိုလာခဲ့ပါ
မင်းငါနဲ့တွေတဲ့ခဏစိတ်ချမ်းသာရလိမ့်မယ်
မင်းစိတ်တံခါးကိုဖွင့်လိုက်ပါ
ညမှာကော
မင်းဘာလို့တံခါးကိုပိတ်ထားတာလဲ?
မင်းညအလင်းရောင်
လမင်းအလင်းရောင်
ခံစားနိုင်မယ်
လေပြေလေးတွေငှက်ကလေးတွေတွန်ကြုးသံတွေ
မင်းစိတ်ကိုတံခါးမပိတ်ထားလိုက်ပါနဲ့
မင်းနဲ့အတူညအလှတွေခံစားဖို့
မင်းစိတ်တံခါးကိုဖွင့်လိုက်ပါ
လူတိုင်း..လူတိုင်းမှာတံခါးလေးတွေကိုယ်စီပိုင်ဆိုင်ထားကြတယ်
မင်းမှာလည်းတံခါးလေးရှိတယ်
ဘာကြောင့်မင်းပိတ်ထားရတာလဲ
မင်းမျက်လုံးကိုဖွင့်ထားလိုက်ပါ
မင်းနှလုံးသားလေးကိုဖွင့်ထားလိုက်ပါ
မင်းစိတ်ကိုလည်းဖွင့်ထားလိုက်ပါ
မင်းဘာကြောင့်ခံစားနေမှာလဲ
စိတ်ပင်ပန်းခံနေလဲ
စိတ်အားငယ်နေမှာလဲ
ငါကြောင့်လား
ကိုယ်ကိုတိုင်ကြောင့်လား
လူတွေကြောင့်လား
မင်းမိဘတွေကြောင့်လား
ပတ်ဝန်းကျင်ကြောင့်လား
မင်းတယောက်တည်းခံစားမနေပါနဲ့

မင်းတံခါးလေးသာဖွင့်ထားလိုက်ပါချစ်သူရယ်
မင်းနဲ့တွေဆုံဖို့ငါလာနိုင်ပါတယ်
အဲဒီတံခါးလေးဆီ..............
တို့တွေစိတ်တံခါးလေးကိုဖွင့်ပြီးပွင့်လင်းကြစို့နော်...။
အားလုံးကိုလေးစားလျှက်
စိတ်တံခါးလေးတွေကိုယ်စီဖွင့်ပြီးချစ်သူတိုင်းပွင့်လင်းနိုင်ကြပါစေ။
 ***""" ဘယ်လောက်ချစ်လဲ ???"""***

***""" ဘယ်လောက်ချစ်လဲ ???"""***



***""" ဘယ်လောက်ချစ်လဲ ???"""***
JeepKan2Kgmalay2jpg.jpgJeepKan2Kgmalay2jpg.jpg
8K   View   Share   Download  

*** မဟော်သဓာ ဇာတ်တော်ထဲမှာတော့
အမရာဒေ၀ီက အသပြာတစ်ထောင်ထုတ်နဲ့
လာဖြားယောင်းတာတောင်မှ
သူချစ်တဲ့ အပ်ချုပ်သမားကို
ပစ်မသွားဘူးတဲ့.........
*** မဒ္ဒီဒေ၀ီက သူ့ချစ်လင်
ဝေသာန္တရာ မင်းကြီး
နန်းစွန့်ဖို့ တောအရပ်မှာနေရတဲ့
အခါ စားစရာတောင်
 ရှာကြွေးပါသတဲ့.........
*** သမ္ဗူလကလည်း ကျန်စစ်သား
ဒုက္ခရောက်နေချိန်မှာ
မညည်းမညူ
ပြုစုပေးတယ်တဲ့................

...
*** ကိန္နရာကတော့ သူ့ချစ်လင်
မြားမှန်တဲ့အခါ
သူ့ရဲ့သစ္စာနဲ့ ပြန်လည်လို့
အသက်ရှင်သန်စေပါသတဲ့......
ရာဇ၀င်ထဲက စံတင်လောက်တဲ့
မိန်းမမြတ်တွေရဲ့
စံပြအချစ်တွေပေါ့..........
*** ချစ်သူ
နင်ရော....................
ငယ့်ကို ဘယ်လိုအချစ်မျိုးနဲ့
ချစ်တာလဲ........???
ငယ်ကတော့............
*** အမရာ၊ ကိန္နရီ
မဒီ၊ သမ္ဗူလတို့လို
တော်လေးဝတဲ့ မိန်းမမြတ်စာရင်းမှာ
မပါဝင်ပေမယ့်
နင့်အပေါ်ထားတဲ့
ငယ့်ရဲ့ အချစ်က
သူတို့ထက်
 အဆပေါင်းများစွာ သာပြီး
နင့်ကို အသဲနင့်အောင်
ချစ်တယ်ဆိုတာ
နင်ယုံကြည်ပေးပါ
ချစ်သူ...................။ ။***
JeepKan2Kgmalay.jpgJeepKan2Kgmalay.jpg
8K   View   Share   Download