Showing posts with label Computer ဆိုင်ရာများ. Show all posts
Showing posts with label Computer ဆိုင်ရာများ. Show all posts

Friday, August 22, 2014

★★ ကွန်ပြူ တာသင်တန်းစတင်ပြီဖြစ်သည့်အတွက်ကြိုတင်စရင်းပေးနိုင်ပြီ ★★

★★ ကွန်ပြူ တာသင်တန်းစတင်ပြီဖြစ်သည့်အတွက်ကြိုတင်စရင်းပေးနိုင်ပြီ ★★


ထိုင်းနိုင်ငံအတွင်း(မြန်မာအလုပ်သမားများအတွက်)ကွန်ပြူ တာသင်တန်းကိုတည်နေရာ (2)နေရာခွဲပြီး
သင်တန်းဖွင့်ထားပါတယ်။သင်တန်းတက်လိုသူတွေအနေဖြင့်မိမိနေရာနှင့်နီးစပ်သောနေရာတွင်လာရောက်
သင်ကြားနိုင်ပါတယ်။ရပ်ဝေး(နယ်စပ်)နေရာများနှင့်နေရာအတော်အတင့်ဝေးသောနေရာများတွင်လိုက်လံ
သင်ကြားပို့ချပေးပါတယ်။သင်တန်းတည်နေရာကိုအောက်မှာအပြည့်အစုံရေးထားပါတယ်။

1 . ပထမတည်နေရာကတော့...
     ဘန်းဘွန် 3 (ခေါင်းခွန်ဈေး) အနီးတွင်ဖြစ်ပြီး ထိုနေရာနီးစပ်သူဖြစ်ပါကလာမည် (တနင်္ဂနွေ နေ့ 24 ရက် )နေ့မှစတင်ပြီးသင်တန်းစတင်ပြီဖြစ်ပါသောကြောင့်ကြိုတင်စရင်းပေးနိုင်ပါပြီ။
ဆက်သွယ်ရန် .. ။   ။ ရန်ကုန်သား - 083 -1118 - 534 
                          ညီနေမင်း    - 094 -7463 - 414

2. ဒုတိယနေရာကတော့ .....
     မဟာချိုင် (နေ၀ပ်ဈေး ) ၀ပ်ခို့ ဘုန်းကြီးကျောင်းလမ်း ၊ မဟာချိုင် တစ်ဝိုက်မှသင်တန်းတက်လိုသူတွေ
အတွက်ထိုနေရာတွင့်သင်တန်းဖွင့်ထားပါတယ်။သင်တန်းကို (31 ရက် တနင်္ဂနွေနေ့ )မှစတင်ပြီးဖွင့်မည်ဖြစ်
ပါသောကြောင့် သင်တန်းတက်လိုသူတွေအနေဖြင့် ကြိုတင်စရင်းပေးထားနိုင်ပါပြီ။
ဆက်သွယ်ရန် ...။  ။ စိုးမင်းဦး - 082 - 3538 - 681

Sunday, August 17, 2014

ဒါလေးကတော့ Window XP&Window 7 အမြန်တင်နည်းလေးပါ

ဒါလေးကတော့ Window XP&Window 7 အမြန်တင်နည်းလေးပါ



  ဘာလဲဆိုတော့ Window 7 & XP အမြန်တင်နည်းလေးပါ။မသိသေးတဲ့သူတွေအတွက်
ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ အောက်မှာလည်း ပုံလေးနဲ့တကွ သေချာရှင်းပြထားပါတယ်။
ပုံမှန် ၀င်းဒိုးတင်တဲ့အချိန်ထက် 10မိနစ် 15မိနစ်လောက်သက်သာစေပါတယ်။ ကဲစပြီနော်။ပုံမှန်အတိုင်း Install လုပ်နေကျအတိုင်းဘဲလုပ်ပါ။အောက်မှာ မြင်ရတဲ့အတိုင်း ရောက်ပြီဆိုရင် Shif+F10 ကိုနှိပ်ပါ။
                             
command prompt ကျလာပါလိမ့်မယ် အောက်က လိုပေါ့

 
  အဲဒီအဆင့်ရောက်ပြီဆိုရင် taskmgr ဆိုတဲ့ command လေးထပ်ရိုက်ပေးပါ။


အဲလိုလေးရိုက်ပြီးသွားပြီဆိုရင် taskmanager box လေးကျလာမှာပါ။
 
အဲဒီမှာ Install Windows မှာ right click နှိပ် go to process ဆိုပြီးနှိပ်ရမှာပါ။


အဲလိုလေးနှိပ်လိုက်ရင် process tab ကိုရောက်သွားပါလိမ့်မယ် ။ အောက်က ပုံအတိုင်း

သူ auto select မှတ်ပေးထားတဲ့ setup.exe နေရာမှာဘဲ right click နှိပ်ပြီး Set Priority ကို High   ကိုပြောင်းပေးရမှာပါအောက်အကအတိုင်း Box လေးကျပြီး မေးပါလိမ့်မယ်။ change priority  ကိုနှိပ်ပေးပါ

 
ဒါဆိုရင်လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။အခုဖွင့်ထားတဲ့ Box တွေအကုန်ပြန်ပြီးပိတ်လို့ရပါပြီ။ ပုံမှန်အတိုင်း
ဝင်းဒိုးတင်လို့ရပါပြီ။ ၀င်းဒိုးကိုထိခိုက်ခြင်းမရှိပါဘူး။ပုံမှန်အတိုင်းသုံးရုံပါဘဲ အခုလုပ်တဲ့priority ကို high လုပ်ပေးရခြင်းဟာ ဒီ Window Install လုပ်ခြင်း ဦးစားပေးအဆင့်ကို မြင့်တင်ပေးတဲ့သဘောပါဘဲ။အား
လုံးဘဲအဆင်ပြေမယ်ထင်ပါတယ်။
Window XP User တွေအတွက်ကတော့ အောက်ကအဆင့်လေးမှာ အထက်ပါအတိုင်း လုပ်ဆောင်ရုံပါဘဲ
ကျန်တဲ့အဆင့်လုပ်နည်းတွေကတော့အားလုံးအတူတူပါဘဲဗျာ။

ကဲအားလုံးပဲ အဆင်ပြေပြေနဲ့ အချိန်ကုန်သက်သာနိုင်ကြပါစေလို့
သားဆုတောင်းပေးပါတယ်.......

Friday, July 4, 2014

 Hard Disk ကို Partition ခွဲနည်း

Hard Disk ကို Partition ခွဲနည်း


ဒီနည်းကတော့ Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေ ခွဲပြီး မိမိတို့ သိမ်းချင်တာတွေကို ခွဲသိမ်းလို့ ရပါတယ်..။ Windows XP မှာဆိုရင်တော့ Partition ခွဲရင် ဆော့ဝဲလ်နဲ့ ခွဲရပါတယ်..။ Windows7 မှာတော့ ဆော့ဝဲလ်မလိုပါဘူး..။ ဒီမှာပြထားတဲ့ နည်းအတိုင်းပဲ Partition ခွဲကြပါတယ်..။ နောက်တခုက အဲလို Partition တွေခွဲပြီး ဝင်းဒိုး နှစ်ခု၊သုံးခု တင်ထားကြပါတယ်..။ သဘောကတော့ စပါယ်ယာပါတ် အပိုထားတဲ့ သဘောပါပဲ..။ ပုံမှန်သုံးနေတဲ့ ဝင်းဒိုးက တခုခုဖြစ်လာခဲ့ရင် နောက်တခုကို အလွယ်ဖွင့်သုံးနိုင်အောင်လို့ပါ..။ လက်ရှိသုံးနေတဲ့ အချိန်မှာ  အဆင်ပြေအောင်လို့ ဝင်းဒိုးအပို တင်ထားခြင်းပဲ ဖြစ်ပါတယ်..။ ပျက်သွားတဲ့ ဝင်းဒိုးကို အားတဲ့အခါမှ ပြန်ပြင်လို့ ရပါတယ်..။ ဒါကြောင့် Partition မခွဲတတ်သေးတဲ့သူများအတွက် ဒီနေ့ ဒီပို့စ်လေးကို တင်လိုက်ရပါတယ်..။
လုပ်ပုံလုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..။ လုပ်နည်းလွယ်ပေမယ့် ပုံတော့ နည်းနည်းများပါတယ်..။ မသိသေးတဲ့ ညီအစ်ကိုမောင်နှမများကတော့ အောက်ကပုံလေးတွေ ကြည့်ပြီး လေ့ကျင့်ခန်းတခုအနေနဲ့ လိုက်လုပ်ကြည့်လိုက်ပါဗျာ..

ဒီပုံကတော့ ပါတေးရှင်းမခွဲခင် မြင်ရတဲ့ပုံပါ..

ပါတေးရှင်းခွဲဖို့ အရင်ဆုံး Computer မှာ Right Click ထောက်ပါ..။ အောက်ပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..


ဒါကတော့ မိမိတို့ ပါတေးရှင်းခွဲထုတ်ချင်တဲ့ အပိုင်းပေါ်မှာ Right Click ထောက်ပြီး အောက်ပုံအတိုင်း နှိပ်သွားလိုက်ပါ..။



အပေါ်ပုံလေးအတိုင်း ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်...


ဒီအဆင့်ကိုရောက်ရင် မိမိတို့ ခွဲထုတ်ချင်သလောက် GB ပမာဏကို ရိုက်ထည့်ပါ..။ အပေါ်ပုံမှာ သူပေးသလောက်ကို ယူရင်လည်းရပါတယ်..။ သူပေးသလောက်ထက် ပိုယူချင်လို့တော့ မရပါဘူး..။ ဒီပုံမှာတော့ သူပေးထားတာများနေလို့ ကျနော်က ရှော့ယူလိုက်ပါတယ်..။ ဒါကြောင့် 50 GB ရအောင် အောက်ကပုံအတိုင်း MB ပမာဏကို ရိုက်ထည့်လိုက်ပါတယ်... ရိုက်ထည့်ပြီးရင်တော့ 6 နေရာကို နှိပ်လိုက်ပါ.. 


အောက်ပုံအတိုင်း ပါတေးရှင်း အသစ်ထွက်လာတာကို မြင်ရပါလိမ့်မယ်.. ဒါပေမယ့် အသုံးပြုလို့ မရသေးပါဘူး..။ အသုံးပြုလို့ ရအောင် သူ့ကို New Simple Volume လုပ်ပေးရပါမယ်.. ဒါကြောင့် အသစ်ထွက်လာတဲ့ ၄င်းပါတေးရှင်းပေါ်မှာ Right Click ထောက်လိုက်ပါ.. ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း ဆက်နှိပ်သွားလိုက်ပါ..



ပေါ်လာတဲ့ ဘောက်စ်တွေမှာ Next ကိုပဲနှိပ်သွားလိုက်ပါ...



ဒီပုံမှာတော့ ပါတေးရှင်းကို မိမိတို့ သဘောကျတဲ့ အက္ခရာလေးတွေ တပ်ပေးလို့ ရပါတယ်..




အပေါ်ပုံ အတိုင်း Finish ပေးလိုက်ရင်တော့ အောက်ပုံအတိုင်း ပါတေးရှင်း အစိမ်းရောင်ကနေ အပြာရောင်ပြောင်းသွားရင် မိမိတို့ ခွဲထုတ်လိုက်တဲ့ ပါတေးရှင်းကို အသုံးပြုလို့ ရသွားပါပြီ...



အောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း Desktop က Computer မှာ Double Click နဲ့ ဖွင့်ကြည့်လိုက်ရင် ပါတေးရှင်းတခု ပေါ်ထွက်လာတာကို တွေ့မြင်ရပါလိမ့်မယ်...


ဒီလောက်ဆိုရင်တော့ ပါတေးရှင်းခွဲတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...

Monday, February 24, 2014

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်



ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၄ ခုနှစ်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်းသိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။

ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။

သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)

Thursday, January 23, 2014

ကွန်ပျူတာရဲ့ ERROR တွေကို အလွယ်တကူ ရှင်းပေးတဲ့ WINDOWS REPAIR 2.1.1 (NEW UPDATE 2014)

ကွန်ပျူတာရဲ့ ERROR တွေကို အလွယ်တကူ ရှင်းပေးတဲ့ WINDOWS REPAIR 2.1.1 (NEW UPDATE 2014)






 ဒါလေးကတော့ Window မှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ Error တွေကို ဖြေရှင်းပေးတဲ့  All-in-One Repair Tool  လေးပါ...  တော်ရုံ Window Error တွေကို အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ်..။ Update Version လေးပါ အောက်မှာ ဒေါင်းယူနိုင်ပါတယ်...။


Windows Repair 2.1.1 + Portable | 5.0/10.0 Mb Windows Repair is an all-in-one repair tool to help fix a large majority of known Windows problems including registry errors and file permissions as well as issues with Internet Explorer, Windows Update, Windows Firewall and more. Malware and installed programs can modify your default settings. With Tweaking.com - Windows Repair you can restore Windows original settings. Windows Repair can do the following: Reset Registry Permissions Reset File Permissions Register System Files Repair WMI Repair Windows Firewall Repair Internet Explorer Repair MDAC & MS Jet Repair Hosts File Remove Policies Set By Infections Repair Icons Repair Winsock & DNS Cache Remove Temp Files Repair Proxy Settings Unhide Non System Files Repair Windows Updates and more...


Click Here to Download


www.winkabarkyaw.net

Monday, September 16, 2013

 Wireless Network တစ်ခုတပ်ဆင်ခြင်းအတွက်သိထားရမယ့်အချက်တွေ ( မြန်မာလို )

Wireless Network တစ်ခုတပ်ဆင်ခြင်းအတွက်သိထားရမယ့်အချက်တွေ ( မြန်မာလို )


Wireless Network တစ်ခုတပ်ဆင်ခြင်းအတွက်
သိထားရမယ့်အချက်တွေ
 ( မြန်မာလို ) စာအုပ်လေးပါ
လေ့လာချင်သပဆိုရင်တော့..
                                  Download
 windows xp မှ genuine မဖြစ်သေးတဲ့ မိတ်ဆွေတွေအတွက်

windows xp မှ genuine မဖြစ်သေးတဲ့ မိတ်ဆွေတွေအတွက်


windows xp သုံးနေတဲ့ မိတ်ဆွေတွေအတွက်လည်း windows  activator လေးပါ။windows genuine မဖြစ်သေးလို့ တောင်းဆိုထားတဲ့ သူငယ်ချင်းတွေကိုဒီနေရာကနေတစ်ခါတည်းယူလိုက်ပါခင်ဗျာ။
ဖိုင်ဆိုဒ်သေးသေးလေးပါပဲ 1 mb တောင်မပြည့် ပါဘူးခင်ဗျာ အားလုံးဆောင်ထားချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းလုပ်ယူလိုက်ပါခင်ဗျာ။
အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
Instructions:
1. Install Net Framework 4
 
2. Unrar
 
3. Run 2nd Activation.reg
 
4. Run Windows XP Activator > Click Activate
 
5. Restart pc & Enjoy...... :)
 
 ခွေကူးလို့မရရင် ရအောင်လုပ်ပေးမဲ့ Wix-dvd- ripper

ခွေကူးလို့မရရင် ရအောင်လုပ်ပေးမဲ့ Wix-dvd- ripper



 
ကျွန်တော်တို့ အခွေတွေကိုကူးတဲ့အခါမှာ တချို့အခွေတွေကိုဆိုရင်ကူးလို့မရအောင်လုပ်ထားတာတွေရှိပါတယ်။
အဲ့လိုမျိုး အခက်ခဲတွေကြုံနေတဲ့ မိတ်ဆွေတွေ အတွက် ဒီ software လေးဆောင်ထားရင် အေးအေး ဆေးဆေးပဲပေါ့ဗျာ။
ဒီကောင်လေးကိုသာ install လုပ်ပေးလိုက်။ ကြိုက်တဲ့ ခွေလာ ကူးပြီးသားပဲဗျ။ သုံးချင်ရင်တော့ အောက်က link တွေကနေ download လုပ်နိုင်ပါပြီဗျာ။

Sunday, September 15, 2013

 Computer Problems များ ဖြေရှင်းနည်းများ (မြန်မာလို)

Computer Problems များ ဖြေရှင်းနည်းများ (မြန်မာလို)


        ကွန်ပျူတာက ပြသနာတွေကိုဘယ်လိုဖြေရှင်းကြမလဲ...မသိသေးသူများ..အတွက်ရည်ရွယ်ပါသည်..
မြန်မာဘာသာနဲ့စာအုပ်လေးပါ..ဒီစာအုပ်လေးကိုဖတ်ပြီး...မိမိကွန်ပျူတာကပြသနာတွေကိုဖြေရှင်းနိုင်ကြ ပါ စေ...အသုံးဝင်မယ်လို့လည်းထင်ပါတယ်ဗျာ...လိုချင်ရင်အောက်မှာဒေါင်းသွားလိုက်ပါဗျာ..ဘိုင်းဘိုင်..
ဒေါင်းလုပ်ရန်===>
  ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..
 မိမိရဲ့ Computer အလုပ်လုပ်မှုပိုမြန်အောင်ပြုလုပ်ခြင်းနှင့် Computer အတက်မြန်စေခြင်း ( မြန်မာလို )

မိမိရဲ့ Computer အလုပ်လုပ်မှုပိုမြန်အောင်ပြုလုပ်ခြင်းနှင့် Computer အတက်မြန်စေခြင်း ( မြန်မာလို )



ကဲ..ဒီစာအုပ်လေးက အားလုံးအတွက် အသုံးဝင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်ခင်ဗျာ...
လိုအပ်သူများ Download ရယူနိုင်ပါပြီ