Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Tuesday, October 22, 2013

ဇူလိုင် - ၁၉ မှာ ကျွန်တော်လည်း ဒါလေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂါရ၀ပြုလိုက်ပါတယ်ဗျာ။

ဇူလိုင် - ၁၉ မှာ ကျွန်တော်လည်း ဒါလေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂါရ၀ပြုလိုက်ပါတယ်ဗျာ။



Photo: ► ဖေဖေမောလို့ အိပ်နေတယ် ◄ .. ခရမ်းပြာထက်လူ  ၁၉ ဇူလိုင် သူ့ခန္ဓာ ဒီမှာဆုံးပေမယ့် သူ့တရားနဲ့ သူ့သမိုင်းကဆက်သွားတယ်။  တောပြိုသလို တောင်ပြိုသလို ကောင်းကင်ပြိုသလို လူတွေပြိုဆင်းလာကြ နတ်တွေ နေရာမရအောင် လူတွေပြေးဆင်းလာကြ လူတွေနေရာမရအောင် နတ်တွေပြေးဆင်းလာကြ။  ဒီဇူလိုင် ၁၉ မှာ အောင်ဆန်းရယ် မင်းသေမယ့်အစား ငါတို့သာသေလိုက်ပါတော့လား ရဟန်းသံဃာ ဘယ်သူဖြစ်ဖြစ် လဲမယ်တဲ့ သူတို့ခန္ဓာကိုယ်ကြီးတွေ ကိုင်ကိုင်ပြီးမြောက်လို့။  လူတွေပြေးဆင်းလာကြ နေသူရိန်ရဲ့အနီးကပ်ပစ်ခတ်မှုကြောင့် ဟိမ၀န္တာတောင်စောင်းက ရေခဲတွေ ဒရကြမ်းထိုးပျက်အရည်ပျော်ပြေးဆင်းကျလာသလို လူတွေပြေးဆင်းလာကြ။  ဒီအချိန် မာရ်နတ်က သွားကြားထိုးလို့ ဒီအချိန် ဒေ၀ဒတ်က ဒူးနှံ့လို့ ဒီအချိန် ဆေတန်ကစီးကရက်ဖွာလို့ ပေါက်လွတ်ပဲစား တပ်ကြီး မီးပုံကြီးလို ကခုန်နေတာကလွဲရင်  လူတွေ မျက်လုံးနဲ့နှလုံးထဲမှာ အပူတွေ မနိုင်မနင်းသယ်လို့ လူတွေ သူတို့ကိုယ်ထဲက ဆောင့်ဆောင့်ရုန်းထွက်နေတဲ့ဝိဥာဉ်တွေ နဲ့ ၀ရုန်းသုန်းကားဖြစ်လို့ လူတွေ ကျွန်မရှုံးပြီ ရှင်ကြိုက်သလိုလုပ်လိုက်တော့ လူတွေ ကျွန်တော်ရှုံးပြီ ဓါးကိုရွှပ်ကနဲဆွဲထုတ် ဗိုက်သားကိုမျက်နှာချင်းထိုးချိန်လို့။  လူအုပ်ကြီး တိမ်အထုပ်ကြီးလို တအိအိသူ့ဘေးနားမျောလာတော့ လူတွေကိုမော့ကြည့်ပြီး ဒီကလေး နှစ်ယောက်ပြောတာက ‘‘ဖေဖေမောလို့ အိပ်နေတယ်တဲ့’’ ဒီအသံပျော့ပျော့လေးဟာ လေပြင်းနဲ့ပြေးဝင်လာတဲ့သွပ်တစ်ချပ် လည်ပင်းကိုဖြတ်ပြီး အမှောင်ထဲပြေးဝင်သွားသလို ပြင်းထန်လှချည်ရဲ့။  ဟုတ်ပါတယ် သူတစ်ကယ်မောသွားခဲ့ပါပြီ ၃၁ ဘုံစာကို ၃၂ နှစ်နဲ့ အပြတ်ဖြတ်ပြီး ကောင်းကင်အဟောင်းကိုဖြုတ် နိဗ္ဗာန်အသစ်ကိုချပေးခဲ့သူ သူအိပ်ပါစေတော့။  ရှိသမျှ ၃၂ ကောဌာသကို အတိအကျပေးပြီး ဘာတစ်ခုမှ ပြန်မယူပဲ ပြန်ထွက်သွားသူ သူအိပ်ပါစေတော့။  ဖေဖေမောလို့ အိပ်နေတယ် ဟုတ်ပါတယ် ကလေးရယ် သူတစ်ကယ်အိပ်မောကျသွားခဲ့ပါပြီ။  သူအိပ်ပါစေတော့ ၀ါးလုံးထိုးစီးဆင်းနေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုခဏတားပြီး သူ တစ်နှစ်အတွင်း လွတ်လပ်ရေးကို အရယူပေးပါ့မယ် ကတိပေး ကတိကို ကတိနဲ့ ကတိတည်ရင်း ဂရိတ်ပလေယာ တစ်ယောက်အဖြစ် သူပြသခဲ့တယ် ခု သူအိပ်ပါစေတော့။  သူ ကောင်းကင်ကိုဖွင့်မယ့်သော့ သူ အနာဂါတ်ကိုစီးမယ့်ယာဉ် ရန်သူရဲ့ဦးခေါင်းကိုဖြတ်ပြီး ယူလာပေးခဲ့ပြီ သူအိပ်ပါစေတော့။  သူအိပ်ပါစေတော့ အိတ်ထဲမှာ တစ်ပြားတစ်ချပ်မှမရှိပဲ ဆာလောင်လွန်းသမို့ သူ့ကိုယ်ရံတော်က သူမသိအောင်အကြွေးဝယ်ကြွေးခဲ့တဲ့ ပလာတာနဲ့ဆိတ်သားခပတ်လေးစားပြီး သူအိပ်ပါစေတော့။  ‘‘အနုပညာဆိုတာရှိတယ် လင်မယားဘ၀မှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တစ်ကယ့်တော်လှန်ရေးအစစ်ဖြစ်တော့မှာပေါ့ ’’ ဒီလိုဖီလိုဆိုဖာကြီးလည်းဖြစ် သူအိပ်ပါစေတော့။  ဟုတ်တယ် သားတို့ သမီးတို့ ဖေဖေ မောလို့ အိပ်နေတယ် ‘‘ငါ့ သားသမီးတွေဆီမှာ Sense of justice ရှိရင် ငါကျေနပ်ပါပြီကွာ’’လို့ပြောသွားတဲ့ သမီးတို့ သားတို့ဖေဖေ မောလို့ အိပ်သွားပြီ။ သူအိပ်ပါစေတော့။  သူ့မျက်နှာ မြေမျက်နှာသွင်ပြင်က အပူပိုင်းအီကွေတာကျွန်းစုတွေမှာနေထိုင်တဲ့ မွန်ဂိုးလီးယံအနွယ်လူမျိုးတွေရဲ့မျက်နှာ သူ့မျက်နှာက တောင်ပေါ်ချင်းလူမျိုးတစ်ယောက်ရဲ့မျက်နှာလိုလည်းဖြစ်ရဲ့ ဆရာဒဂုန်တာရာကပြောတယ် ဗမာ ၀ါဂွမ်းနဲ့ရက်လုပ်ထားတဲ့ ပင်နီဖျင်ကြမ်းကြီးကိုဝတ်လို့တဲ့ ဆရာဒဂုန်တာရာကပြောတယ် သူ့ဆံပင်တွေက ပွယောင်းလို့တဲ့ (ကျွန်တော်ထင်တာက မုန်တိုင်းတစ်ခုဖြတ်သွားတိုင်း ကျန်ရစ်ခဲ့တဲ့မြို့တစ်မြို့လိုပေါ့။) ဆရာဒဂုန်တာရာပြောသလို ကျွန်တော်လည်းသူ့ကို ပွင့်သစ်စ ပွဲလမ်းသဘင်တစ်ခုလို ရုပ်ဖြောင့်စေချင်ခဲ့တာပါပဲ။ သူက ကျွန်တော်တို့ ပုံပြင်တွေ စာအုပ်တွေထဲက ဒဏ္ဍာရီဆန်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် သူဟာ ကျွန်တော်တို့ရဲ့ Special One တစ်ယောက်မဟုတ်လား။  ဒါပေမယ့် သူအိပ်ပါစေတော့။  ဒီဗမာ့ထွက်ရပ်ဂိုဏ်းလမ်းစဉ်ကြေငြာစာတမ်းအတွက် ၁၅ရက် အချိန်ယူမယ်ဆိုရင် ခင်ဗျားတို့ လ္ဘက်ရည်သွားသောက်နေလိုက်ပါ ခင်ဗျားတို့ရေနွေးကြမ်းနဲ့မြည်းဖို့ ကျုပ် ပရင်တာတစ်လုံးလို စကားလုံးတွေထုတ်ပေးမယ်။ ၁၅ မိနစ် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီ ၂နာရီ စောင့်ပါ အခြေအနေနဲ့အချိန်အခါတွေက ကျုပ်တို့ကိုစောင့်မှာမဟုတ်ဘူး။ ဒီလိုသူပင်ပန်းခဲ့ သူအိပ်ပါစေတော့။  လွတ်လပ်ရေးရပြီးရင် ကျုပ် ဘုရင်မင်းမြတ်ကြီးလည်းမလုပ် အုပ်လည်းမအုပ်ချုပ်ချင်ဘူး အော်ကြီးဟစ်ကျယ် အာဏာဝယ်ချင်တဲ့လူတွေကို ဘေးကအသာလက်ပိုက်ကြည့် ရယ်မောနေချင်တယ်။ ဒီလိုပြောခဲ့ ။ သူအိပ်ပါစေတော့။  လွတ်လပ်ရေးရပြီးရင် စာရေးဆရာကြီးလုပ် သူရေးထုတ်မယ့်စာအုပ်တွေကို ကျွန်တော်တို့မဖတ်လိုက်ရတာနစ်နာခဲ့ပေမယ့် သူအိပ်ပါစေတော့။  လက်ကြောမတင်းသလို ကျိန်စာမိသလို လူညွန့်တုန်းသလို ကျွန်တော်တို့ သူ့ကိုမျှော်မိကြသေးတယ်။ သူအိပ်ပါစေတော့။  ‘‘အလွန်ကောင်းစွာ ကမ္ဘာတည်မယ့် အာဇာနည်ဗိမာန် ပုထိုးကိုဖြင့် ပါရမီ အဓိဌာန်တမျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့’’ သူအိပ်ပါစေတော့။  ‘‘သြော်…တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့ အခေါင်မမြန်းရခင်က အောင်ပန်းညိုးရရှာတဲ့ အောင်ဆန်းတို့သေပုံ နှမြော’’။  အဖိုးရေ အဖေအိပ်ပျော်ပါစေတော့  ငယ်ငယ်က ဖေဖေမောလို့ အိပ်နေတယ် ပြောတဲ့သမီး ဒီမှာရှိနေပြီ သူကောင်းစွာ အိပ်ပျော် ကောင်းကင်ဘုံတစ်ခုခုမှာ စံပျော်နေပါစေတော့။ ။    ခရမ်းပြာထက်လူ  ( ၂ ၀ ၁ ၃ )  Credit to Heinn FiveStrings

ဖေဖေမောလို့ အိပ်နေတယ် 
၁၉ ဇူလိုင်
သူ့ခန္ဓာ ဒီမှာဆုံးပေမယ့် သူ့တရားနဲ့ သူ့သမိုင်းကဆက်သွားတယ်။

တောပြိုသလို တောင်ပြိုသလို ကောင်းကင်ပြိုသလို လူတွေပြိုဆင်းလာကြ
နတ်တွေ နေရာမရအောင် လူတွေပြေးဆင်းလာကြ
လူတွေနေရာမရအောင် နတ်တွေပြေးဆင်းလာကြ။

ဒီဇူလိုင် ၁၉ မှာ
အောင်ဆန်းရယ် မင်းသေမယ့်အစား ငါတို့သာသေလိုက်ပါတော့လား
ရဟန်းသံဃာ ဘယ်သူဖြစ်ဖြစ် လဲမယ်တဲ့ သူတို့ခန္ဓာကိုယ်ကြီးတွေ ကိုင်ကိုင်ပြီးမြောက်လို့။

လူတွေပြေးဆင်းလာကြ
နေသူရိန်ရဲ့အနီးကပ်ပစ်ခတ်မှုကြောင့်
ဟိမ၀န္တာတောင်စောင်းက ရေခဲတွေ ဒရကြမ်းထိုးပျက်အရည်ပျော်ပြေးဆင်းကျလာသလို
လူတွေပြေးဆင်းလာကြ။

ဒီအချိန် မာရ်နတ်က သွားကြားထိုးလို့
ဒီအချိန် ဒေ၀ဒတ်က ဒူးနှံ့လို့
ဒီအချိန် ဆေတန်ကစီးကရက်ဖွာလို့
ပေါက်လွတ်ပဲစား တပ်ကြီး မီးပုံကြီးလို ကခုန်နေတာကလွဲရင်

လူတွေ မျက်လုံးနဲ့နှလုံးထဲမှာ အပူတွေ မနိုင်မနင်းသယ်လို့
လူတွေ သူတို့ကိုယ်ထဲက ဆောင့်ဆောင့်ရုန်းထွက်နေတဲ့ဝိဥာဉ်တွေ နဲ့ ၀ရုန်းသုန်းကားဖြစ်လို့
လူတွေ ကျွန်မရှုံးပြီ ရှင်ကြိုက်သလိုလုပ်လိုက်တော့
လူတွေ ကျွန်တော်ရှုံးပြီ ဓါးကိုရွှပ်ကနဲဆွဲထုတ် ဗိုက်သားကိုမျက်နှာချင်းထိုးချိန်လို့။

လူအုပ်ကြီး တိမ်အထုပ်ကြီးလို တအိအိသူ့ဘေးနားမျောလာတော့
လူတွေကိုမော့ကြည့်ပြီး ဒီကလေး နှစ်ယောက်ပြောတာက
‘‘ဖေဖေမောလို့ အိပ်နေတယ်တဲ့’’
ဒီအသံပျော့ပျော့လေးဟာ
လေပြင်းနဲ့ပြေးဝင်လာတဲ့သွပ်တစ်ချပ် လည်ပင်းကိုဖြတ်ပြီး
အမှောင်ထဲပြေးဝင်သွားသလို ပြင်းထန်လှချည်ရဲ့။

ဟုတ်ပါတယ်
သူတစ်ကယ်မောသွားခဲ့ပါပြီ
၃၁ ဘုံစာကို ၃၂ နှစ်နဲ့ အပြတ်ဖြတ်ပြီး
ကောင်းကင်အဟောင်းကိုဖြုတ် နိဗ္ဗာန်အသစ်ကိုချပေးခဲ့သူ
သူအိပ်ပါစေတော့။

ရှိသမျှ ၃၂ ကောဌာသကို အတိအကျပေးပြီး
ဘာတစ်ခုမှ ပြန်မယူပဲ ပြန်ထွက်သွားသူ
သူအိပ်ပါစေတော့။

ဖေဖေမောလို့ အိပ်နေတယ်
ဟုတ်ပါတယ် ကလေးရယ် သူတစ်ကယ်အိပ်မောကျသွားခဲ့ပါပြီ။

သူအိပ်ပါစေတော့
ဝါးလုံးထိုးစီးဆင်းနေတဲ့
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုခဏတားပြီး
သူ တစ်နှစ်အတွင်း လွတ်လပ်ရေးကို အရယူပေးပါ့မယ် ကတိပေး
ကတိကို ကတိနဲ့ ကတိတည်ရင်း ဂရိတ်ပလေယာ တစ်ယောက်အဖြစ် သူပြသခဲ့တယ်
ခု သူအိပ်ပါစေတော့။

သူ ကောင်းကင်ကိုဖွင့်မယ့်သော့
သူ အနာဂါတ်ကိုစီးမယ့်ယာဉ် ရန်သူရဲ့ဦးခေါင်းကိုဖြတ်ပြီး ယူလာပေးခဲ့ပြီ
သူအိပ်ပါစေတော့။

သူအိပ်ပါစေတော့
အိတ်ထဲမှာ တစ်ပြားတစ်ချပ်မှမရှိပဲ
ဆာလောင်လွန်းသမို့
သူ့ကိုယ်ရံတော်က သူမသိအောင်အကြွေးဝယ်ကြွေးခဲ့တဲ့ ပလာတာနဲ့ဆိတ်သားခပတ်လေးစားပြီး
သူအိပ်ပါစေတော့။

‘‘အနုပညာဆိုတာရှိတယ်
လင်မယားဘ၀မှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့
ဒီလိုပဲ တော်လှန်ရေးမှာလည်း
အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တစ်ကယ့်တော်လှန်ရေးအစစ်ဖြစ်တော့မှာပေါ့ ’’
ဒီလိုဖီလိုဆိုဖာကြီးလည်းဖြစ်
သူအိပ်ပါစေတော့။

ဟုတ်တယ်
သားတို့ သမီးတို့ ဖေဖေ မောလို့ အိပ်နေတယ်
‘‘ငါ့ သားသမီးတွေဆီမှာ
Sense of justice ရှိရင် ငါကျေနပ်ပါပြီကွာ’’လို့ပြောသွားတဲ့
သမီးတို့ သားတို့ဖေဖေ မောလို့ အိပ်သွားပြီ။
သူအိပ်ပါစေတော့။

သူ့မျက်နှာ မြေမျက်နှာသွင်ပြင်က
အပူပိုင်းအီကွေတာကျွန်းစုတွေမှာနေထိုင်တဲ့ မွန်ဂိုးလီးယံအနွယ်လူမျိုးတွေရဲ့မျက်နှာ
သူ့မျက်နှာက
တောင်ပေါ်ချင်းလူမျိုးတစ်ယောက်ရဲ့မျက်နှာလိုလည်းဖြစ်ရဲ့
ဆရာဒဂုန်တာရာကပြောတယ်
ဗမာ ၀ါဂွမ်းနဲ့ရက်လုပ်ထားတဲ့ ပင်နီဖျင်ကြမ်းကြီးကိုဝတ်လို့တဲ့
ဆရာဒဂုန်တာရာကပြောတယ်
သူ့ဆံပင်တွေက ပွယောင်းလို့တဲ့
(ကျွန်တော်ထင်တာက မုန်တိုင်းတစ်ခုဖြတ်သွားတိုင်း ကျန်ရစ်ခဲ့တဲ့မြို့တစ်မြို့လိုပေါ့။)
ဆရာဒဂုန်တာရာပြောသလို
ကျွန်တော်လည်းသူ့ကို
ပွင့်သစ်စ ပွဲလမ်းသဘင်တစ်ခုလို ရုပ်ဖြောင့်စေချင်ခဲ့တာပါပဲ။
သူက ကျွန်တော်တို့ ပုံပြင်တွေ စာအုပ်တွေထဲက ဒဏ္ဍာရီဆန်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်
သူဟာ ကျွန်တော်တို့ရဲ့ Special One တစ်ယောက်မဟုတ်လား။

ဒါပေမယ့် သူအိပ်ပါစေတော့။

ဒီဗမာ့ထွက်ရပ်ဂိုဏ်းလမ်းစဉ်ကြေငြာစာတမ်းအတွက် ၁၅ရက် အချိန်ယူမယ်ဆိုရင်
ခင်ဗျားတို့ လ္ဘက်ရည်သွားသောက်နေလိုက်ပါ ခင်ဗျားတို့ရေနွေးကြမ်းနဲ့မြည်းဖို့
ကျုပ် ပရင်တာတစ်လုံးလို စကားလုံးတွေထုတ်ပေးမယ်။
၁၅ မိနစ် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီ ၂နာရီ စောင့်ပါ
အခြေအနေနဲ့အချိန်အခါတွေက ကျုပ်တို့ကိုစောင့်မှာမဟုတ်ဘူး။
ဒီလိုသူပင်ပန်းခဲ့ သူအိပ်ပါစေတော့။

လွတ်လပ်ရေးရပြီးရင်
ကျုပ် ဘုရင်မင်းမြတ်ကြီးလည်းမလုပ် အုပ်လည်းမအုပ်ချုပ်ချင်ဘူး
အော်ကြီးဟစ်ကျယ် အာဏာဝယ်ချင်တဲ့လူတွေကို ဘေးကအသာလက်ပိုက်ကြည့် ရယ်မောနေချင်တယ်။
ဒီလိုပြောခဲ့ ။ သူအိပ်ပါစေတော့။

လွတ်လပ်ရေးရပြီးရင်
စာရေးဆရာကြီးလုပ် သူရေးထုတ်မယ့်စာအုပ်တွေကို ကျွန်တော်တို့မဖတ်လိုက်ရတာနစ်နာခဲ့ပေမယ့်
သူအိပ်ပါစေတော့။

လက်ကြောမတင်းသလို ကျိန်စာမိသလို လူညွန့်တုန်းသလို
ကျွန်တော်တို့ သူ့ကိုမျှော်မိကြသေးတယ်။
သူအိပ်ပါစေတော့။

‘‘အလွန်ကောင်းစွာ ကမ္ဘာတည်မယ့်
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်
ပါရမီ အဓိဌာန်တမျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့’’
သူအိပ်ပါစေတော့။

‘‘သြော်…တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က အောင်ပန်းညိုးရရှာတဲ့ အောင်ဆန်းတို့သေပုံ နှမြော’’။

အဖိုးရေ
အဖေအိပ်ပျော်ပါစေတော့

ငယ်ငယ်က
ဖေဖေမောလို့ အိပ်နေတယ် ပြောတဲ့သမီး ဒီမှာရှိနေပြီ
သူကောင်းစွာ အိပ်ပျော် ကောင်းကင်ဘုံတစ်ခုခုမှာ စံပျော်နေပါစေတော့။ ။



ခရမ်းပြာထက်လူ

Tuesday, October 15, 2013

 နှလုံးရောဂါရှင်များ သီချင်းများများနားထောင်ပါက အကျိုးကျေးဇူးရနိုင်

နှလုံးရောဂါရှင်များ သီချင်းများများနားထောင်ပါက အကျိုးကျေးဇူးရနိုင်


ဥရောပ နှလုံးရောဂါ အဖွဲ့အစည်း ညီလာခံ (၂၀၁၃)တွင် တင်ပြခဲ့သော လေ့လာမှု အသစ်တစ်ခုအရ နှလုံး ရောဂါခံစား နေရသော လူနာများ အနေဖြင့် ၎င်းတို့နှစ်သက်သည့် တေးဂီတ သံများကို နားထောင်ခြင်းဖြင့် ကျန်းမာ ရေးအတွက် အကျိုးကျေးဇူးရရှိနိုင် ကြောင်း သိရှိရသည်။ နှလုံးရောဂါ လူနာ ၇၄ ဦးကို အုပ်စု ၃ စုခွဲကာ ပထမအုပ်စုကို ကာယလေ့ကျင့်ခန်း ၃ ပတ်ကြာလုပ်စေခဲ့ပြီး ဒုတိယအုပ်စု ကို ၎င်းတို့နှစ်သက်သည့် တေးဂီတ သံများအား နားထောင်စေခဲ့သည်။ တတိယ အုပ်စုကိုမူ ကာယလေ့ကျင့် ခန်းရော ၎င်းတို့နှစ် သက်သည့် တေး ဂီတ နားထောင်ခြင်းကိုပါ နှစ်ခုစလုံး လုပ်ခိုင်းခဲ့သည်။ 
တတိယ အုပ်စုသည် နှလုံးစွမ်း ဆောင်ရည်များ သိသိသာသာ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိ ရပြီး ကာယလေ့ကျင့်ခန်း လုပ် နိုင်စွမ်းရည် ၃၉ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ ပထမ အုပ်စုတွင် ကာယ လေ့ကျင့်ခန်း လုပ်ဆောင်နိုင် စွမ်းရည် ၂၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး တေး ဂီတသက်သက် နားထောင်နိုင် သူတို့မှာ ကာယလေ့ကျင့်ခန်း လုပ်ဆောင်နိုင်စွမ်းရည် ၁၉ ရာခိုင်နှုန်း သာလျှင် တိုးတက် ခဲ့သည်။
တေးဂီတ နားဆင်သော အခါ ဦးနှောက် အတွင်းမှ အင်ဒိုဖင်းဟုခေါ် သော ဟော်မုန်းများ ထွက်လာပြီး သွေးကြော ကျန်းမာရေး ကောင်းစေသည်ဟု ဆိုသည်။ အကောင်းဆုံး ဂီတ အမျိုးအစား ဟူ၍ သတ်မှတ် ချက်မရှိဘဲ ပျော်ရွှင်မှုဖြစ်စေသော ဂီတကိုနားဆင် သင့်ကြောင်း သိရှိရသည်။ 
မောင်
By Health Digest

Monday, October 14, 2013

 ၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို

၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို


၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။
၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။
အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။
၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့မျှ ရှောင်လွှဲ၍ မရဘဲ မိနေကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ မပြုလုပ်ရသေးကြောင်း လေ့လာသူများကသုံးသပ်သည်။
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် လျင်မြန်စွာ ပျက်စီး ယိုယွင်းနေကြောင်း ပြည်တွင်း ပြည်ပပညာရှင်များကလည်းထောက်ပြလျက်ရှိသည်။
ပြည်ပပညာရှင်၊ သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်များအရမန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးဆုံးခံရသည့် ၁၀ နိုင်ငံ စာရင်းသည် ဒုတိယနေရာတွင်ရောက် ရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများစာရင်းတွင်လည်း ဒုတိယနေရာသို့ရောက်ရှိနေသည်။
အပူချိန်များတိုးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့သည် Global Warning ကမ္ဘာကြီး ပူနွေးလာမှု၏ ဆိုးကျိုးများဖြစ်ပြီး ၎င်း၏ သက်ရောက်မှု (Impact) များကို အရှေကတောင်အာရှနိုင်ငံများမှ လေ့လာ စူးစမ်း၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် စတင်နေပြီဖြစ်သော်လည်း အခြားသော နိုင်ငံများထက် ထူးခြားစွာ ထိခိုက်မည့်မိမိတို့နိုင်ငံသည် Global Warming ၏ Imparct များကို မလေ့လာဘဲ ကြိုတင်ပြင်ဆင်မှုများမရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။
“သူများနိုင်ငံတွေ အကုန်လေ့လာပြီးပြီ၊ ဘာမှမလုပ်ရသေးတဲ့ မြန်မာနိုင်ငံကတော့ ကျေနပ်စရာ တစ်ကွက်မှ မရှိဘူး၊ အရှေ့တောင်အာရှမှာ အပူဆုံးနိုင်ငံဖြစ်တော့မယ်၊ အားလုံးကြို တင်ပြင်ဆင်မှုတွေ လုပ်သင့်ပြီ”ဟု ၎င်းက ပြောကြားသည်။
၂၁ ရာစုကုန်ပိုင်း အပူချိန်တိုးလာချိန်တွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ဆားငန် ရေများ ၀င်လာပြီး မြစ်ဝကျွန်းပေါ်ဒေသများ ကျုံ့သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် များက သုံးသပ်သည်။
ထို့ပြင် သောက်သုံးရေပြတ်လပ်ခြင်း၊ စိုက်ပျိုးမြေပျက်၍ ဆန်ရေစပါး ရှားပါးခြင်း၊ ငါးလုပ်ငန်း များ ပျက်ဆီးခြင်း၊ တောတာင်များ မီးလောင်ကျွမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၎င်းတို့က ဆိုသည်။
ကမ္ဘာကြိး၏ ၃၀ ရာခိုင်နှုန်းသည် စိမ်းလန်းသည့် သစ်တော့များနှင့် ဖုံးအုပ်ထားပြီး စတုရန်းမီတာ သန်းပေါင်း ၄၀၀ ရှိကြောင်း၊ သက္ကရာဇ် ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဧရိယာစတုရန်းမီတာ 
၇၃၂၀၀ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာရခြင်းသည် လူသား တို့ကိုယ်တိုင် ဖန်တီး ခဲ့ခြင်းဖြစ်ပြီး လူသားများပင် ပြန်လည် ထိန်းသိမ်းကာကွယ်ရမည့် ပြဿနာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများကို အမှတ်တမဲ့ မနေသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းကပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆိုးရွာလာတဲ့ အကျိုးဆက်များကို သေချာလေ့လာသုတေသနပြု ကြိုတင်ကာကွယ်ထိန်း သိမ်းခြင်းများ လုပ်ဆောင်ရတော့မည်ဖြစ်သော်လည်း သုတေသနအနေဖြင့် စနစ်တကျ လုပ်ဆောင်နိုင်သေးခြင်း မရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။
ကမ္ဘာ့ပူနွေးမှုကို ကာကွယ်ပေးမည့် မြန်မာ့ သစ်တောများသည် မြေ အသုံးချမှုသို့ ပြောင်းပစ်နေခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့်ပျက်စီးနေရသကဲ့သို့ သဘာဝကို ပြုစုပျိုးထောင်မှု မရှိခြင်းတို့ကြောင့် သစ်တော အရည်အသွေးများ ကျဆင်းလျက်ရှိရာ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် အတွင်း ကျွန်းနှင့် ပျဉ်းကတိုး တို့၏ ထုထည်နှင့် ပါဝင်မှု ရာခိုင်နှုန်းများသိသိသာသာ ကျဆင်းခဲ့ရာ ကျွန်းသစ်သည် ၁၉၉၀ တွင် ကုဗမီတာသန်းပေါင်း ၂၄၁ ဒသမ ၉၁ နှင့် ပါဝင်မှု ၈ ဒသမ ၆၃ ရာခိုင်နှုန်း ရှိနေရာမှကုဗမီတာ သန်းပေါင်း ၁၄၉ ဒသမ ၄ နှင့် ပါဝင်မှု ၅ ဒသမ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိပ်တန်းသစ် ၁၀မျိုးကို ကြည့်လျှင်လည်း ထုထည် ကုဗမီတာ သန်းပေါင်း ၁၃၄၀ ဒသမ ၀၅ နှင့် ပါဝင်မှု ၄၇ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေရာမှ ထုထည် ကုဗမီတာ သန်းပေါင်း ၅၅၉ ဒသမ ၆၂ ရာခိုင်နှုန်းနှင့်ပါဝင်မှု ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနတို့ထံမှ စုံစမ်းသိရှိရသည်။
တောင်ယာလုပ်ရန် ရှို့သည့်မီးလောင်ခြင်း အပါအ၀င် တောမီးလောင်မှုခြင်းများလည်း မြန်မာနိုင်ငံအနှံ့ တွင် ဆက်တိုက်ဖြစ်ပွားနေခြင်းကလည်း သစ်တောပြုန်းတီးမှုကို အားပေးနေကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေးကော်မတီက ထုတ်ပြန်ချက်များအရလည်း သိရသည်။
မြန်မာနိုင်ငံသည် အာရှ၏ စက်မှုအင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်သည့်တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် ကျရောက်ခြင်းကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အကျိုးသက်ရောက်မှု ကြီးကြီး မားမားဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်ထားသည်။
ရေးသားသူ- မောင်ထက်
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်

Friday, October 11, 2013

 ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗိုလ်တစ်ဦး ရှောင်ပြေးနေ

ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗိုလ်တစ်ဦး ရှောင်ပြေးနေ


မရမ်းကုန်းမြို့နယ်တွင် ဆယ်တန်းကျောင်းသူကလေးတစ်ဦးကို စစ်ဗိုလ်ကြီးတစ်ဦးက အကြိမ်ကြိမ် ကာမစက်ယှက်ပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း တိမ်းရှောင်နေသည့်အတွက် ကာယကံရှင် မိသားစုက အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အမှုသည် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိခင်ဖြစ်သူက ၁၅ နှစ်အရွယ်ရှိ ၎င်း၏သမီး ၁၀ တန်း ကျောင်းသူ သည် ကျူရှင်တက်ရန်နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေခြောက်နာရီတွင် နေအိမ်တွင် ကျူရှင် သင်ပေးသည့် ဆရာမဖြင့် ပြန်လည်ရောက်ရှိလာရာမှ တစ်ဆင့်စတင်ခဲ့သည်။

ထို့နောက် သမီးဖြစ်သူကို မေးမြန်းရာ နေအိမ်အနီး ဆေးခန်းလာဖွင့်ထားသော ဆေးခန်းမှ တပ်မတော် ကိုယ်လက် အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ(ကုတင် ၃၀၀)၊ မင်္ဂလာဒုံမြို့နယ် (စိစစ်ဆဲ)မှ ဗိုလ်ကြီးတစ် ဦးသည် ဆေးရုံဝင်း အတွင်းရှိ အဆောင်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ရဲကိုထွက်ဆိုထားသည်။

ထို့ပြင် ယခင်ကလည်း ယင်းကဲ့သို့ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း သမီးဖြစ်သူက
ပြောပြခဲ့သည်ဟု မိခင်က ရဲစခန်းတွင် ထည့်သွင်းထွက်ဆိုထားသည်။ ယင်းကြောင့်ပင် အဆိုပါ ဗိုလ်ကြီးကို ခေါ်ယူ မေးမြန်းစဉ် ၎င်းမှ ကာမစပ်ယှက်မှုရှိခဲ့ကြောင်း ၀န်ခံခဲ့ပြီး ရုံးဖွင့်ရက်တွင် တရားရုံး၌ လက်ထက်မည်ဟု ပြောဆိုကာ သက်သေခံစာချုပ်တွင် သက်သေများထား၍ လက်မှတ်ထိုးပေးခဲ့သည်ဟုလည်း ဆိုထားသည်။

သို့သော် ယနေ့အချိန်ထိ အတွေ့မခံဘဲ တိမ်းရှောင်နေသောကြောင့် မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေး ငယ်အား သားမယားအဖြစ် ပေါင်းသင်းမည်ဟု ဖြားယောင်းသွေးဆောင်ပြီး ကာမရယူခဲ့သူ အဆိုပါ စစ်ဗိုလ်အား အရေးယူပေး ရန် ကလေးမိခင်က စွပ်စွဲတိုင်တန်းလိုက်ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းက (ပ)၃၆၃ /၂၀၁၃ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုထားသည်။ ယင်းအပြင် တိုင်တန်းခံရသူသည် စစ်သည်ဖြစ်နေသဖြင့် သက်ဆိုင်ရာတပ်နှင့် ဆက်သွယ်ဆောင်ရွက် နေပြီး ပြစ်မှု ပုဒ်မ ၃၆၃/၃၆၆ ဖြင့် အရေးယူသွားနိုင်ရန် ဆောင်ရွက်နေသည်ဟု လည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

ဇော်ဇော်ထွေး

Wednesday, October 2, 2013

 Techspace Journal Vol(2), Issue (27)

Techspace Journal Vol(2), Issue (27)




Techspace ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Techspace ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်ပါတယ်။ Techspace ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာTechspace Journal Vol(2), Issue (27) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 2 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။
                                           Download now

Thursday, September 26, 2013

 လူမင်းနှင့် ရိုက်ကူးမည့်ကားတွင် သရုပ်ဆောင်ရသည့်အခန်း နည်းသဖြင့် အခက်အခဲမရှိဟု နန်းခင်ဇေယျာကဆို

လူမင်းနှင့် ရိုက်ကူးမည့်ကားတွင် သရုပ်ဆောင်ရသည့်အခန်း နည်းသဖြင့် အခက်အခဲမရှိဟု နန်းခင်ဇေယျာကဆို


ဧည့်သည်သရုပ်ဆောင်အဖြစ် ပထမဆုံးရိုက်ကူးနေသော Anubis ရုပ်ရှင်ကားတွင် ပါဝင်ရသည့်အခန်း နည်းသည့်အတွက် သရုပ်ဆောင်ရာတွင် အခက်အခဲမရှိကြောင်း   နန်းခင်ဇေယျာက ပြောသည်။

““ညီမ မနေ့က သရုပ်ဆောင်ရတာ သဘာဝကျကျလေးဆိုတော့ ဘာမှအခက်အခဲမှမရှိပါဘူး။ အန်ကယ်လေးတို့က စကားပြောတာကအစ သင်ပေးပါတယ်။ ညီမအနေနဲ့ သူများသရုပ်ဆောင်တာတွေကိုလည်း    လိုက်ကြည့်ခဲ့တယ်။ ဒါပေမဲ့  ညီမအနေနဲ့ တစ်ကားလုံး ရိုက်ရတဲ့အခါကျရင် လိုအပ်ချက်တွေ ရှိလာမှာမို့ ညီမလေ့လာနေဆဲပေါ့။ မနေ့ကရိုက်တဲ့ကားမှာဆို ဧည်သည့်သရုပ်ဆောင်အနေနဲ့ နှစ်ခန်း၊ သုံးခန်းပဲ သရုပ်ဆောင်ရတဲ့အတွက် အခက်အခဲမရှိတာပါ””ဟု နန်းခင်ဇေယျာက ပြောသည်။
 Anubis ရုပ်ရှင်ကားတွင် နန်းခင်ဇေယျာက လူမင်း၏ဇနီးအဖြစ် သရုပ်ဆောင်ရပြီး နေတိုး၊ မြင့်မြတ်၊ ၀တ်မှုံရွှေရည်တို့နှင့် အခြားသရုပ်ဆောင်များလည်း ပါဝင်ပြီး လက်ရှိ ရိုက်ကူးနေသော ဇာတ်ကားဖြစ်သည်။  ထပ်မံ၍ ခန့်စည်သူနှင့် ““အက်တိုးပစ် အပျိုစင်””ဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ်  နိုဝင်ဘာလတွင် ရိုက်ကူးမည်ဖြစ်ပြီး လက်ရှိတွင် ယင်းနှစ်ကားသာ လက်ခံရိုက်ကူးထားသည်။ နောက်ထပ်ဇာတ်ကားများကို ၎င်း၏ပုံစံ နှင့် လိုက်ဖက်သည့် ဇာတ်ရုပ်ကို လက်ခံရိုက်ကူးသွားမည်ဖြစ်ကြောင်း နန်းခင်ဇေယျာက ပြောသည်။

နန်းခင်ဇေယျာသည် ဧည့်လမ်းညွှန်အလုပ်ကို ယခင်က လတိုင်းတွင်  ရက်အပြည့်လုပ်ပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်လ ငါးရက်ခန့်သာ လုပ်ကိုင်ဖြစ်နေကြောင်း ယခုရက်ပိုင်းတွင် ပြေတီဦးနှင့် ဓာတ်မြေသြဇာကြော်ငြာ ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံတကာပွဲသို့ Miss များ သွားရောက်ယှဉ်ပြိုင်မှုများအပေါ်  ၎င်း၏အမြင် နှင့် ပတ်သက်၍ ““ညီမအနေနဲ့ ပြောပြချင်တာက ဒီအင်တာနေရှင်နယ်ပွဲကြီးကို ဖြစ်ကတတ်ဆန်း  သွားမပြိုင်စေချင်ဘူးလို့ ပြောချင်တယ်။ ကိုယ့်ဘက်က ပညာတွေပြည့်အောင် ဖြည့်ပြီးမှ သွားပြိုင်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က မြန်မာဆိုတဲ့စလွယ်ကြီးကို လွယ်ပြီး ပြိုင်ရမယ်။ မြန်မာ့ဂုဏ်ကို ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ အားလုံး သေချာလေ့လာပြီးမှ သွားပြိုင်စေချင်တယ်။ ဒီဘက်မှာလည်း မော်ဒယ်အေဂျင်စီတွေရှိတဲ့အတွက်ကြောင့် သူတို့ဘက်ကလည်း အားလုံးမွမ်းမံသင်ပေးမှာပါ။ ညီမအနေနဲ့က ဘယ်အခန်းကဏ္ဍကမဆို ကူညီပေးဖို့က ရယ်ဒီပါပဲ”” ဟု နန်းခင်ဇေယျကပြောသည်။

7Day Daily
 ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်း ပြောပြတဲ့ ခိုင်နှင်းဝေ

ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်း ပြောပြတဲ့ ခိုင်နှင်းဝေ


မိမိကုမ္ပဏီမှ ရိုက်ကူးသည့် ဇာတ်ကားတွင် ဇာတ်ပို့ ဇာတ်ရံ ကအစ နာမည်ရှိ သရုပ်ဆောင် များသာ သုံးချင် ကြောင်း ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေးဖြင့် ဇာတ်ကား များ ရိုက်ကူးနေသည့် ခိုင်နှင်းဝေ က ပြောသည်။

”ကိုယ်လုပ်တဲ့ အလုပ် ကိုယ်ရိုက်တဲ့ ဇာတ်ကားက ကွာလတီ ကောင်းရမယ်။ ခိုင်နှင်းဝေ ကုမ္ပဏီက ရိုက်တဲ့ ဇာတ်ကားက ဘာ ဇာတ်ကားကြီးမှန်း လည်း မသိဘူး၊ ဇာတ်ပို့ ၊ ဇာတ်ရံတွေ သုံးထားတာ တွေကလည်း မကောင်းဘူး။ ဇာတ်လမ်းတွေ ကလည်း မကောင်းဘူး ဆိုတာမျိုး မကြားချင်ပါဘူး။ ကျွန်မ တို့ ဖန်တီးတဲ့ အနုပညာ တွေက ဇာတ် အိမ် ကောင်းရမယ်။ ဇာတ်လမ်း ဇာတ်ကွက် ကောင်းရမယ်”ဟု ၄င်းက ဆိုသည်။

ခိုင်နှင်းဝေက ဒါရိုက်တာ ဇော်မျိုးပြည့်၏ ‘ဆက် ချစ်ခွင့်’ ဇာတ်ကားကို မြင့်မြတ်၊ ချမ်းမီမီကို တို့နှင့်အတူ ပါဝင် သရုပ်ဆောင် နေကြောင်း သိရသည်။

”ဇာတ်ကောင် ကာရိုက်တာ နဲ့ လိုက်ပြီးတော့ အဝတ်အစား ဆိုရင် သေချာ စဉ်းစားပြီး ဝတ်ဆင်ပါတယ်။ အမေခန်း ဆိုရင်လည်း အမေနဲ့ လိုက်ဖက်တာ မျိုး၊ ဟော့ရှော့ ဆို လည်း ဟော့ရှော့၊ မြန်မာ ဆန်ဆန် ဆိုလည်း မြန်မာ ဆန်ဆန် ကိုယ့်ဘာသာ ကိုယ်စဉ်းစား ပြီးတော့ အဝတ်အစား ဒီဇိုင်းတွေကို ဝတ်ဆင် ဖြစ်ပါတယ်။ ”ကျွန်မ တို့က သရုပ်ဆောင် တစ်ယောက် အနေနဲ့ အနုပညာ အပိုင်းပဲ ကြည့်လိုက်တယ်။ ဒီအနု ပညာကို ဝါသနာပါတဲ့ အတွက်ကြောင့် ဇာတ်ကား တစ်ကား ရိုက်ကူးခဲ့မယ် ဆို အမေ ဆိုလည်း အမေ၊ ဒါပေမဲ့ ဒီအမေက ဒီဇာတ်ကား ထဲမှာ အဓိက သရုပ် ဆောင်ပိုင်း မှာ ပါဝင်တဲ့သူ ဖြစ်ရမယ်။ အဲဒါ ဆိုရင်တော့ လက်ခံ ရိုက်ကူးပါတယ်။ မင်းသမီး ဖြစ်ရမှ ရိုက်ကူးမယ်လို့ မရှိပါဘူး”ဟု ခိုင်နှင်းဝေ က ပြောသည်။

ခိုင်ဝေလွင် - Popular Journal

Monday, September 23, 2013

 အမျိုးသားများ သတိထားရမည့် တတိယအဖြစ်များဆုံးဆီးကျိတ်ကင်ဆာ

အမျိုးသားများ သတိထားရမည့် တတိယအဖြစ်များဆုံးဆီးကျိတ်ကင်ဆာ



Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။


Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။
(က) အသက်အရွယ်
အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ သိရပါတယ်။
(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း
မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။
(ဂ) ဆေးလိပ်သောက်ခြင်း
(ဃ) လူမျိုး
အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။
(င) အစားအစာမှရရှိသည့် အဆီ
အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
(စ) ဟော်မုန်း
ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း ၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။
(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း
PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။
(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း
ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။
By ဒေါက်တာခင်မိုးမိုး

Saturday, September 21, 2013

 ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း



ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း    ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။  ၁။ Decreasing eyesight  ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။  ၂။ Muscle weakening ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။  ၃။ RSI (Repetitive strain injury) ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။  ၄။ Menal side effects  ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။  ၅။ Back Problems ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ  အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။  ကာကွယ်နည်း ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။  နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။  Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။  Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။  mmforward.blogspot.com

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။


၁။ Decreasing eyesight
ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၎။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

mmforward.blogspot.com

Monday, September 16, 2013

 မြင့်မြတ်နှင့် ဂျောင်းဇာတ်ကားတွင် ပါဝင်ခဲ့သူများ ရခိုင်တိုင်းရင်းသား များနှင့် ပြည်သူများကို တောင်းပန်

မြင့်မြတ်နှင့် ဂျောင်းဇာတ်ကားတွင် ပါဝင်ခဲ့သူများ ရခိုင်တိုင်းရင်းသား များနှင့် ပြည်သူများကို တောင်းပန်


ရန်ကုန်၊ စက်တင်ဘာ ၁၅ယခုနှစ် အစောပိုင်းက ထွက်ရှိခဲ့သည့် ဂျောင်းဇာတ်ကားတွင် ပါဝင်ခဲ့သည့် အသုံးအနှုန်းအပေါ် အဆိုပါ ဇာတ်ကားကို ထုတ်လုပ်သည့် ထုတ်လုပ်ရေး၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် အဆိုပါ စကားလုံးကို ပြောကြားခဲ့သည့် သရုပ်ဆောင်တို့က ရခိုင် တိုင်းရင်းသားများနှင့် ပြည်သူ များကို တောင်းပန်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

အဆိုပါ ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခုတွင် ယောက်ျား ဖြစ်သူကို မိန်းမဖြစ်သူ ရခိုင်အမျိုးသမီးက ဘင်္ဂါလီနှင့် ငြိစွန်းနေသည့်ပုံစံ သရုပ်ဆောင် မြင့်မြတ်က ဟာသလုပ် ပြောဆိုခဲ့မှုကြောင့် ရခိုင် အမျိုးသားကွန်ရက်က ပြင်းထန်စွာ သတိပေးပြီး ကန့်ကွက်ခဲ့သည်။

အဆိုပါ ဗီဒီယိုဇာတ်ကားကို ထုတ်လုပ်သည့် ဂျော်လီဆွေနှင့် သားများ ဗီဒီယိုထုတ်လုပ်ရေး၊ ဒါရိုက်တာနေပိုင်၊ ဇာတ်ညွှန်း သည်ခေတ်နေနှင့် သရုပ်ဆောင် မြင့်မြတ်တို့က အထင်မှား အမြင်မှား ဖြစ်စေမည့် စကားလုံးများကို သတိထား ဆင်ခြင်သုံးစွဲမည် ဖြစ်ကြောင်း၊ ယခုဇာတ်ကားနှင့် ပတ်သက်၍ ထိခိုက် စော်ကားလိုသည့် ရည်ရွယ်ချက်မပါဘဲ ဇာတ်ကားနှင့် လိုက်ဖက်စေရန် ဆောင်ရွက်မှုအပေါ် အနုပညာ ပရိသတ်များ၊ ရခိုင် တစ်မျိုးသားလုံးနှင့် ရခိုင်အမျိုးသား ကွန်ရက်တို့ကို အနူးအညွတ် တောင်းပန်ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ စကားလုံးသည် ရိုးသားစွာ ဖန်တီးခဲ့သော ဟာသဖြစ်ပြီး ယခုလို ဖြစ်ပွားခဲ့၍ ဝမ်းနည်းပါကြောင်း၊ ဇာတ်ဝင်ခန်းတွင် ပါဝင်ခဲ့သည့် အဆိုပါ စကားအတွက် အဓိကမှာ မိမိသာဖြစ်ပြီး မင်းသား၊ မင်းသမီးနှင့် မပတ်သက်ပါကြောင်း၊ နောက်နောင် ဆင်ခြင်သွားမည် ဖြစ်ကြောင်း အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း ရေးသားသူ သည်ခေတ်နေက ပြောကြားသည်။

၎င်းဇာတ်ကားကို ဖန်တီးခဲ့သည့် ဒါရိုက်တာနေပိုင်ကလည်း “ကျွန်တော် ဒီစကားလုံးကို သုံးတာ တခြားအဓိပ္ပာယ်နဲ့ သုံးတာ မဟုတ်ပါဘူး၊ ဗန်းစကားတစ်ခု အနေနဲ့ပဲ သုံးလိုက်တာပါ၊ ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ပါဘူး၊ ဒီဇာတ်ကားက ထွက်တာ တစ်နှစ်ကျော်လောက်တော့ ရှိပါပြီ” ဟု ပြောကြားသည်။

အဆိုပါ ဇာတ်ကားနှင့် ပတ်သက်ပြီး အသုံးအနှုန်းများမှာ ရခိုင်အမျိုးသမီးများ၏ ကျင့်ဝတ်နှင့် သိက္ခာကို ထိပါးစေပြီး တိုင်းရင်းသား စည်းလုံးမှုကို ထိပါးစေကြောင်း၊ ပါဝင်သူများ ခံဝန်ထိုးပြီး ဖြစ်ကြောင်း၊ ယနေ့ နေ့လယ်တွင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ပြောပြ၍ မိမိတို့အနေနှင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နောင်လည်း ဆင်ခြင်စေလိုကြောင်း ရခိုင်အမျိုးသား ကွန်ရက်မှ ဦးတင်ထူးအောင်က ပြောကြားသည်။

(ထက်အောင်ဖြိုး)

Friday, September 13, 2013

 Instagram သုံးရတာ ကြိုက်တဲ့ ၀တ်မှုံရွေရည်

Instagram သုံးရတာ ကြိုက်တဲ့ ၀တ်မှုံရွေရည်




ဓာတ်ပုံများကို ကိုယ်တိုင်အထူးပြုလုပ်ရသည်ကို ဝါသနာပါသဖြင့် ဓာတ်ပုံ လူမှုကွန်ရက် Instagramကို သုံးကာ နေ့စဉ်လိုလို ဓာတ်ပုံများ တင်ဖြစ်ကြောင်း ၀တ်မှုံရွေရည်က ပြောသည်ဟု သိရသည်။ နေ့စဉ်လိုလိုပင် ရုပ်ရှင်၊ ကြော်ငြာရိုက်ကွင်းများမှ ပုံများ၊ ၄င်း၏ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်များ၊ တွဲဖက် အလုပ်လုပ်သော လုပ်ဖော်ကိုင်ဖက်များနှင့် တွဲ၍ ရိုက်ကူးထားသော ပုံများကို ဓာတ်ပုံ အထူးပြုလုပ်ချက်များ လုပ်ကာ ၄င်း၏ Instagram အကောင့်တွင် နေ့စဉ်တင်လျက် ရှိသည်ဟု ဆိုသည်။

ယခင်က ၄င်း၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ဓာတ်ပုံအတင်များပြီး ယခုနောက်ပိုင်းတွင် ၄င်း၏ Instagramတွင် ပိုမိုအတင်များလာသည်ကို တွေ့ရသည်။ “Instagramက Facebook ထက်ပိုပြီး Privacy ရှိတယ်လို့ ထင်တယ်။ လူငယ် ပရိသတ်တွေနဲ့ နိုင်ငံခြား ပရိသတ်တွေအတွက် ပိုသုံးဖြစ်ပါတယ်။ ဒီနောက်ပိုင်း ဖေ့ဘွတ်ခ်ထက် ပိုသုံးဖြစ်တယ်။ နောက်ပြီး ဓာတ်ပုံတွေကို ပြင်ပြီး တင်ရတာ ဝါသနာပါလို့”ဟု ၀တ်မှုံရွေရည်က ပြောပြပါသည်။
 အကယ်ဒမီခန့်စည်သူနှင့်တွေ့ဆုံခြင်း

အကယ်ဒမီခန့်စည်သူနှင့်တွေ့ဆုံခြင်း


''ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့ လူတန်းစားပါ''

အနုပညာရှင်များထဲတွင် ပရဟိတလုပ်ငန်းများကို စိတ်ဝင်တစားလုပ် ကိုင်နေကြသူတွေ အများအပြားရှိပါတယ်။ အဲဒီလို လုပ်ကိုင်ကြသူ တွေထဲမှာ အနုပညာရှင်များစွာ ပါဝင်ဖွဲ့စည်းထားသော မေတ္တာသင်္ဂဟအဖွဲ့မှ အကယ်ဒမီခန့်စည်သူလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ခန့်စည်သူနဲ့ သူ့ရဲ့ 'ပရဟိတ'လုပ်ငန်းတွေအကြောင်းကို အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။

မေး - ပရဟိတဆိုတာကို ကိုခန့် ဘယ်လိုခံယူထားလဲ။

ဖြေ - ပရဟိတဆိုတာက လူတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်ရှိ ကြဖို့ပါပဲ။ လူဆိုတာ ဘာလဲ။ လူပီသဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကိုယ် ချင်းစာတရား ရှိရမယ်။ ကိုယ်က သူများကိုကြမ်းကြမ်းတမ်းတမ်း နစ်နစ်နာနာပြောဆိုလိုက်မယ်ဆိုရင် မပြောခင်ကတည်းက စဉ်းစား သင့်တယ်။ ငါ့ကို တစ်စုံတစ်ယောက်ကသာ ဒီလိုမျိုးလာပြောမယ် ဆိုရင် ငါသည်းခံနိုင်မလား။ ငါသည်းမခံနိုင်ရင် သူများကလည်း ငါ ပြောတာကို လက်ခံချင်ပါ့မလားဆိုတာကို စဉ်းစားသင့်တယ်။ ငါလုပ် လိုက်တဲ့လုပ်ရပ်က မှန်ရဲ့လား။ ငါပြောလိုက်တဲ့စကားက သူ့အတွက် ဘယ်လောက်တောင်နစ်နာသွားမလဲဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီ ထက်ပိုပြီးတော့ ပရဟိတလုပ်ငန်းတွေ ပိုပြီးများလာလိမ့်မယ်လို့ ထင် တယ်။ ကျွန်တော်ကတော့ ပရဟိတဆိုတာ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်း စာစိတ်ရှိတတ်ဖို့ပဲ လိုအပ်တယ်လို့ထင်တယ်။ လူတိုင်းက ကိုယ်ကိုယ် တိုင်တွေ့ကြုံခံစားရတော့မှ ခံစားရကောင်းမှန်း သိကြတာပါ။ ပရဟိတ လုပ်ချင်တဲ့စိတ်ဓာတ်က ဘယ်လိုအရာတွေနဲ့မှ နှိုင်းယှဉ်ပြလို့ မရပါဘူး။

မေး - ပရဟိတအနေနဲ့ သွားပြီးတော့လှူဒါန်းတဲ့နေရာတွေမှာ ကြုံ တွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေလည်း ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့လူတန်းစား ဆိုပြီးတော့ ဖြစ်ပေါ်နေ တဲ့အခြေအနေမှာ ထားစရာမရှိတဲ့ သူတွေကျတော့လည်း ကားတွေတစ်စီးပြီးတစ်စီးဝယ်၊ မြေတွေ တစ်ဧကပြီးတစ်ဧကပိုင် ဖြစ် နေတဲ့အခြေအနေမှာ စားစရာမရှိတဲ့သူတွေကျတော့လည်း တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်အောင်စားရဖို့အတွက် အတင်းရုန်းကန်နေရ ပြီး သူတို့အတွက် တစ်နေ့တာဖြတ်သန်းမှုက သိပ်ကိုပင်ပန်းဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေတယ်။ ဒီလိုကွာခြားရတဲ့အထဲ သဘာဝဘေး အန္တရာယ်တွေ၊ ပြီးတော့ စစ်ဘေးဒုက္ခတွေကြောင့် သူတို့မှာ ဒုက္ခအ မျိုးမျိုးကို ခါးစည်းခံနေရတယ်။ ဒီလိုမျိုးတွေ ကျွန်တော်ပြောပြတယ် ဆိုတာကလည်း ဘဝပေးအခြေအနေတွေ ကွာခြားတယ်ဆိုတာကို နှိုင်းယှဉ်ပြတာပါ။

မေး - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့ ဘယ်လိုနေရာမျိုးတွေကို သွားရောက် လှူဒါန်းပြီးပြီလဲ။

ဖြေ - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့က ဘယ်လိုနေရာမျိုးမှ လှူမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့ နေရာမှန်သမျှကို လှူဒါန်းသွားတာပါပဲ။ အခုလောလောဆယ် ကျွန်တော် တို့ ရန်ကုန်ကလေးဆေးရုံ၊ ပညာရေးဖောင်ဒေးရှင်း၊ ကူးစက်ဆေးရုံ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း၊ အင်းစိန်အကျဉ်းဦးစီးဌာန၊ ကရင်ပြည် နယ် စစ်ဘေးဒုက္ခသည်တွေ၊ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံတွေ အခု ဆိုရင် သွားလှူတာ နေရာ ၂ဝကျော်နေပါပြီ။ ဒီထက်လည်း နောက်ပိုင်း မှာ သွားလှူနိုင်မယ်လို့ထင်ပါတယ်။

မေး - ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး အခြေအနေလေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအကျ ဆုံးနဲ့ အခြေခံအကျဆုံးက ကလေးသူငယ်တွေပါပဲ။ ဒုက္ခရောက်နေ တဲ့အတွက် သူတို့လေးတွေရဲ့ပညာရေးအခြေအနေက အင်မတန်ရင် လေးစရာကောင်းပါတယ်။ ပညာသင်ရမယ့်အရွယ်တွေမှာ ပညာမ သင်နိုင်ကြဘဲ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ဘေးအန္တရာယ်တွေ အမျိုးမျိုးကိုရင်ဆိုင်နေကြရတော့ သူတို့လေးတွေရဲ့ ပညာရေးအခြေ အနေက ဆိုးရွားလာပါတယ်။ ဒါပေမဲ့ ၂၀၀၈ခုနှစ်မှာ ကျရောက်ခဲ့တဲ့ နာဂစ်က အဆိုးထဲက အကောင်းလို့တောင်ပြောရမယ်။ နာဂစ်ဒဏ် ကိုခံလိုက်ကြရတဲ့အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးကို လှုပ်နှိုးလိုက်သလိုပါပဲ။ အဲဒီတော့မှ ပရဟိတစိတ်တွေဖြစ်ပေါ်လာ ကြပြီး ပရဟိတလုပ်ငန်းတွေကို အရင်ကထက်ပိုပြီးတော့ လုပ်လာကြ တယ်။ အရင်ကထက်စာရင် အခုက လူတိုင်းလိုလို၊ နေရာတိုင်းလိုလို ပရဟိတလုပ်ဖို့ စိတ်အားထက်သန်နေကြတဲ့အတွက် ဝမ်းသာစရာ ကောင်းပါတယ်။

မေး - မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်နေကြတဲ့ ပရဟိတလုပ်ငန်းတွေ အတွက် ပြောချင်တာတွေရှိရင်လည်း ဖြေကြားပေးပါ။

ဖြေ - အဓိကလိုအပ်တာက ပရဟိတအဖွဲ့အစည်းတွေကို စနစ် တကျနဲ့ဖွဲ့စည်းထားနိုင်ဖို့ လိုအပ်တယ်။ ဒီထက်ပိုပြီးတော့ စည်းစနစ် ကျတဲ့အဖွဲ့အစည်းတွေပေါ်ပေါက်လာရင် ဒီထက်ပိုပြီးတော့ အဆင် ပြေလာနိုင်မယ်။ ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လူ ငယ်လူရွယ်တိုင်း ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားတတ်ဖို့တွေ လိုအပ်နေ ပါတယ်။


နွေးနွေးတွေ့ဆုံမေးမြန်းသည်

Wednesday, September 11, 2013

အဆိုတော် N ကိုင်ရာ သီတင်းကျွတ်မှာလက်ထပ်မယ်

အဆိုတော် N ကိုင်ရာ သီတင်းကျွတ်မှာလက်ထပ်မယ်




အဆိုတော်Nကိုင်ရာဟာသူမရဲ့ချစ်သူနဲ့လာမယ့်အောက်တိုဘာ25မှာေ၇ွှလက်တွဲတော့မှာဖြစ်ပါတယ်။
သူမရဲ့မင်္ဂလာပွဲကိုကချင်ဘုရားကျောင်းမှာကျင်းပမှာဖြစ်ပြီးအောက်တိုဘာ30မှာတော့ဆီဒိုးနားဟိုတယ်မှာ
ညစာစားပွဲကျင်းပသွားမယ်လို့သိရပါတယ်။ သူငယ်ချင်းတွေကတော့ဒီအရွယ်နဲ့အိမ်ထောင်ပြုတာမစောဘူးလား လို့ မေးကြတယ်။ 

ပရိသတ်တွေကတော့ဘယ်လိုမျိုးဝေဖန်ကြမလဲဆိုတာမပြောတတ်သေးပါဘူး။အိမ်ထောင်ရှင်မကောင်း
တစ်ဦးဖြစ်ဖို့အမေကအကုန်သွန်သင်ပေးပါတယ်။အိမ်ထောင်ကျပြီးရင်လည်းအနုပညာအလုပ်တွေ
ဆက်လုပ်သွားမှာ ပါလို့ sunday ဂျာနယ်ကို ပြောပြခဲ့ပါတယ်။
sunday ဂျာနယ်

Friday, August 23, 2013

 စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ

စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ


ပွင့်လင်းမြင်သာတဲ့ ခေတ်အခြေအနေအရ မြန်မာ့ရုပ်ရှင် လောကမှာ ဆင်ဆာလွတ်လပ်ခွင့်တွေ အများကြီး ရရှိလာပါတယ်။ ဒါပေမယ့် ဆင်ဆာလွတ်လပ်ခွင့်တွေ ဘယ်လောက်ပဲ ပေးပေး ဆင်ဆာ ငြိတဲ့ ဇာတ်ကားတွေကတော့ ရှိနေဆဲပါပဲ။

ဇူလိုင်လအတွင်းက ဆင်ဆာစီစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုအရ ဆင်ဆာငြိ ဇာတ်ကား (၂၃) ကားရှိနေတယ်လို့ သိရပါတယ်။ အဲဒီကားထဲက ဇူလိုင်လရဲ့ အစည်းအဝေးအမှတ် (၂၅/၂၀၁၃)နဲ့ (၂၇/ ၂၀၁၃) ဆုံးဖြတ်ချက်အရ စကပ်တိုလွန်းခြင်း ၊ အောက်ခံ ဘောင်းဘီ ပေါ်ခြင်း၊ ဘောင်းဘီတင်းကျပ်လွန်းခြင်းတွေကြောင့် ဆင်ဆာငြိတဲ့ ဇာတ်ကား ငါးကား ပါဝင်နေပြီး အဲဒီအထဲမှာ ရွှေမှုန်ရတီ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ သုံးကားရှိနေပါတယ်။ ရွှေမှုန်၇တီကတော့ သရုပ်ပျက်ဝတ်စားတာကို သဘောကျသူမဟုတ်ပဲ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုကိုသာ နှစ်သက်သူဖြစ်ပြီး သူမအနေနဲ့လည်း အမြဲတမ်း ရိုးရှင်းစွာ ၀တ်ဆင်တက်သူ ဖြစ်ကြောင်း မီဒီယာ တစ်ခုမှ ပြောဆိုထား ပါတယ်။

ဂျင်းဘောင်းဘီရှည်ကို ရှပ်အင်္ကျီနဲ့ တွဲဝတ်ထားပြီး ဦးထုပ်ဆောင်းတဲ့ စတိုင်လ်က ဘယ်တော့မှ မပြောင်းလဲတဲ့ ရွှေမှုန်ရတီရဲ့ စတိုင်လ်လို့လည်း အသိပေးသွားပါတယ်။
 တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်

တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်


ရန်ကုန်၊ သြဂုတ် ၂၂

အလွမ်းသင့်ပန်းချီ တေးသီချင်းဖြင့် လူသိများလာသော ရတနာမိုင်၏ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်သော ပုံရိပ်များ တေးစီးရီးကို ရတနာမြိုင် တေးသံသွင်းမှ သြဂုတ်လ ၂၉... ရက်နေ့ တွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း MyLay Entertainment မှ စီစဉ်သူ ဦးဇော်မျိုးထက်က ပြောကြားသည်။

“အရင်တုန်းက မိုင်လေးထွက်ခဲ့တဲ့ စီးရီးတွေမှာ ပါတဲ့သီချင်းတွေက ယောက်ျားလေးဆန်တဲ့ သီချင်းတွေများတယ်။ ဒီစီးရီးမှာတော့ မိန်းကလေးဆန်တဲ့ Slow Rock ပုံစံသီချင်းလေးတွေ ပိုထည့်ထားတယ်” ဟု ပုံရိပ်များ တေးစီးရီးနှင့် ပတ်သက်၍ ၎င်းကထပ်လောင်း ပြောကြားသည်။

ယခုတေးစီးရီးတွင် သီချင်းပေါင်း ၁၂ ပုဒ်ပါဝင်ကာ Bonus Track အနေနှင့် အဝေးထွက်သွားသူ သီချင်းကို ပုံစံပြောင်း တီးထားပြီး မိခင်ဖြစ်သူမိုင်၏ မလွမ်းပို သီချင်းကိုလည်း မူရင်းပုံစံအတိုင်း ပြန်ဆိုထားကြောင်း၊ သီချင်းများကို တေးရေး ဦးမိုးမင်းဝင်း၊ နောင်နောင် (SF)၊ မင်းချစ်သူ၊ အောင်လ၊ ညီမင်းခိုင်၊ ထင်အောင်၊ ယုန်လေး၊ စိုးမိုးသန်း၊ will & smith, Ngar, KLC တို့ ရေးစပ်ပေးထားကြပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း ဖြစ်ကြောင်း တေးသံရှင် ရတနာမိုင်က ဆိုသည်။

တေးသံရှင် ရတနာမိုင်မှာ မရှိလို့မဖြစ်နှင့် ပဖဘဗမ တစ်ကိုယ်တော် တေးစီးရီးများ ထွက်ရှိထားသည်။

Monday, August 12, 2013

 ပရိသတ်တွေသိချင်နေတဲ့ ဆိုတေးရဲ့ကျန်းမာရေးအခြေအနေ

ပရိသတ်တွေသိချင်နေတဲ့ ဆိုတေးရဲ့ကျန်းမာရေးအခြေအနေ




ယာဉ်မတော်တဆမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော်ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ေ ကာင်းမွန်နေတယ်လို့ သိရပါတယ်။

 ဆိုတေးကျန်းမာရေးအခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ လတ်တလောမှာ အဆိုတော်ဆိုတေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီး ကပ် ပြု စုစောင့်ရှောက်နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ်မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ဆိုတေးက သတိပဲမရသေးတာ ပါ။စကားတော့ မပြောနိုင်သေးပါဘူး။ပါးစပ်မှာ ပိုက်ကတပ်ထားတုန်းပဲ။ခါတိုင်း ထက်စာရင် လက်တွေလှုပ် တယ်၊ခေါင်းလှုပ် တယ်။ခေါင်းလှုပ်တယ်ဆိုပေမယ့် သတိရ တယ်လို့လည်း ပြောလို့မရသေး ဘူး။ဖြစ်ဖြစ်ချင်းထက်စာရင် တော်တော် အခြေအနေတိုးတက်လာပါတယ်" လို့ ပြော ပါတယ်။ အပြင်မှာပြောနေကြတဲ့ ကောလာ ဟလများကြောင့် ဆိုတေးကျန်းမာရေး အခြေအနေကို စိတ်ပူကာ အားလုံးက ဆိုတေး မိသားစုများအား ဖုန်းဆက်မေး နေကြပြီး မိုးလင်းကတည်းက ဒီ သတင်း တွေကို ပြန်လည်ဖြေရှင်းနေရတယ်လို့ ဆိုတေးရဲ့အဒေါ်ဖြစ် သူ ဒေါ်ချိုကပြော ပါတယ်။
 ၂၀၁၄ မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်

၂၀၁၄ မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်


ရန်ကုန်- ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ဦး စေလွှတ် ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မယ်စကြ၀ဠာရွေးချယ်ရေး အဖွဲ့နှင့် သဘော တူညီမှု ရထားပြီးဖြစ်ကြောင်း နယူးယောက်မြို့ကို ရောက်ရှိနေသည့် စီစဉ်သူ မြန်မာနိုင်ငံ အမျိုး သမီးအား ကစား အဖွဲ့ချုပ်မှ ဒေါ်စိုးယုဝေက ပြောကြားသည်။

မယ်စကြ၀ဠာပြိုင်ပွဲ စေလွှတ်ရန် မြန်မာနိုင်ငံအဆင့် မယ်စကြ၀ဠာမြန်မာကို ပြည်တွင်းတွင် ပြိုင်ပွဲလုပ်ပြီး အသေ အချာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မြန်မာဆန်သောရုပ်ရည် နှင့် အရပ် ၅ ပေ ၆ လက်မရှိ သူကိုသာ ရွေးချယ်သွားပြီး မြန်မာပြည်အဆင့်တွင် ပြိုင်ပွဲဝင်များ မက်လောက်စရာ ထိုက်ထိုက် တန်တန် ဆုချီးမြှင့်သွားရန် စီစဉ်ထားကြောင်း ဒေါ်စိုးယုဝေက ရှင်းပြသည်။

၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့သော မယ်စကြ၀ဠာသည် ကမ္ဘာတွင် အမြင့်ဆုံး အလှမယ်ရွေးချယ်ပွဲဖြစ်ပြီး သန်းကြွယ်သူဌေးကြီး ဒေါ်နယ်လ်ထရမ့်က ထိုပြိုင်ပွဲကို ပံ့ပိုးကူညီထားသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးအစိုးရမတိုင်မီက ရှန်ဟဲမယ်၊ မေရီမြင့် စသော မြန်မာမယ်အချို့ ပြည်ပသို့ထွက်၍ မယ်ပြိုင်ပွဲဝင်ခဲ့မှုများ ရှိပါသည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် မယ်ပြိုင်ပွဲများ မကျင်းပခဲ့သော်လည်း စစ်အစိုးရလက်ထက်တွင် လက်ပြတ်အင်္ကျီပုံစံများဖြင့် မယ်ပြိုင်ပွဲများကို ပြန်လည်ကျင်းပလာခဲ့သည်။ မယ်စကြ၀ဠာ စသော မယ်ပြိုင်ပွဲများမှာ ရက်ရှည်ကြာစွာ အဆင့်အမျိုးမျိုးနှင့် ပြိုင်ရသော ပြိုင်ပွဲများဖြစ်ပြီး ရေကူးဝတ်စုံနှင့် သီးသန့်ပြိုင်ရသော ယှဉ်ပြိုင်မှုလည်း ပါဝင်ပါသည်။

၂၀၁၂ တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော Miss International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု နန်းခင်ဇေယျာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပရိသတ်အားပေးမှုဖြင့် Miss Internet ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ Miss International ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနှင့် ၁၉၆၁ ခုနှစ်တွင် နောက်ဆုံးဝင်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် ကြာပြီးမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
 အင်တာနက်သုံးစွဲသူ ဆယ့်တစ်သိန်းကျော်တွင် ဖုန်းဖြင့် သုံးသူ ကိုးသိန်းကျော်ရှိ

အင်တာနက်သုံးစွဲသူ ဆယ့်တစ်သိန်းကျော်တွင် ဖုန်းဖြင့် သုံးသူ ကိုးသိန်းကျော်ရှိ


မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ပြည်တွင်း၌ အင်တာနက်သုံးစွဲသူ များပြားလာပြီး ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားမှုများမှာ လွယ်ကူပြီး တစ်သောင်းကျပ်သာ ကျသင့်ခြင်းကြောင့် လျှောက်ထားသူ ပိုမိုတိုးလာရာ နောက်လများတွင် ယခု အင်တာနက် သုံးစွဲသူထက် သိသိသာသာ ထပ်မံ တိုးလာဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “အခု ဇွန်လကုန်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းအရဆိုရင် လူဦးရေ ၁၁ သိန်းကျော်လောက်ရှိပြီ။ ဒါတောင် ဇူလိုင်လက စာရင်း မရသေးဘူး။ ပိုတော့ များလာမှာပါ” ဟု ၎င်းကပြောသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲသူများတွင် GSM ဖုန်းများဖြင့် လျှောက်ထားသုံးစွဲသူ ရှစ်သိန်းကျော်ရှိပြီး CDMA အမျိုးအစား ဖုန်းများအားလုံး လျှောက်ထားသုံးစွဲသူ တစ်သိန်းနှစ်သောင်းကျော် ရှိကာ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ စုစုပေါင်း ကိုးသိန်းကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ADSL ဖြင့် လိုင်းပေါင်း ၆၆၀၀ ကျော်ရှိရာ ADSL တစ်လိုင်းလျှင် ၁၀ ဦးနှုန်းဖြင့် တွက်ချက်ထားပြီး ထိုလိုင်းများ အားလုံးပေါင်း လူဦးရေ ၆၆၀၀ ကျော်ဖြင့် စာရင်းပြုစုထားခြင်းကြောင့် လက်ရှိတွင် အင်တာနက် သုံးစွဲသူ စုစုပေါင်း လူဦးရေ ၁၁ သိန်းကျော် ရှိနေခြင်း ဖြစ်သည်ဟု အဆိုပါ အင်ဂျင်နီယာချုပ်က ပြောသည်။

ယခင်က မိုဘိုင်းအင်တာနက် လျှောက်ထားမှုကို မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် သွားရောက် လျှောက်ထားရသော်လည်း သြဂုတ်လမှ စတင်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် မက်ဆေ့ခ်ျပို့ လျှောက်ထားနိုင်ရာ စတင်လျှောက်ထားရသည့် နေ့၌ပင် လူဦးရေ ၇၀၀၀ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲသူ လေးဦးသာ ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် အင်တာနက် သုံးစွဲသူ ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉၀ ဦး သုံးစွဲမှုရှိပြီး ၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ လေးသိန်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး၏ စာရင်းများအရ သိရသည်။
 မျိုးစောင့်ဥပဒေကို လွှတ်တော် တင်ရန် NDF ပါတီတာဝန်ယူ

မျိုးစောင့်ဥပဒေကို လွှတ်တော် တင်ရန် NDF ပါတီတာဝန်ယူ


 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfijMU4c0kb4i0WLYLcjzurG92MMvB_Of8JNy5Qxk7EdC1P0VBGPzq-Fw-yezB85ZmaK5bFT99_nYM__kUqRXVgVAZyLKc6gnw_bnR9aPbWHG4eCwJzr4hlwNp9ODkLFQplrYyYLuzQR8/s1600/1006320_616700978370544_2137341980_n.jpg
မျိုးစောင့် ဥပဒေကို NDF ပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် တွင် တာဝန်ယူတင်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။ ''တိုင်းပြည်အကျိုးရှိမယ်၊ လူမျိုးကောင်းစားမယ်ဆိုရင်ဘာ မှ နောက်တွန့်နေစရာမလိုဘူး။ အန်တီ ဒီဥပဒေကို လွှတ်တော်မှာ တင်ပေးမယ်။ သတ္တိရှိစွာနဲ့ တင် သွားမှာပါ''ဟု ပြောသည်။

ဆက်လက်ပြီး ယင်းက ''ကန့် ကွက်နေတဲ့သူတွေကိုလဲ ပြောချင် တာက သေချာလေ့လာပြီးမှ ဒါနဲ့ ပတ်သက်တဲ့ မှတ်ချက်ကောင်း တယ် မကောင်းဘူး ပြောကြပေါ့။ အခုတော့ ဘာမှန်းမသိဘဲ ကန့် ကွက်နေကြတယ်''ဟု ပြောသည်။ မြန်မာ အမျိုးသမီး များ၏ ဆုံးရှုံးနစ်နာမှုများကို ကာကွယ် နိုင်ရန်အတွက် သိက္ခာတော်ရ ဆရာတော်ကြီးများ ဦးဆောင်၍ မျိုးစောင့်ဥပဒေ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေ ချိန်တွင် ယင်းဥပဒေနှင့် ပတ်သက် ၍ အရပ်ဘက် လူမှု အဖွဲ့ အစည်း များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူ များ၊ လွှတ်တော်ကိုယ်စားလှယ် များကြား သဘောထား ကွဲလွဲမှု များ ရှိနေသည်။


ယင်းဥပဒေအား လွှတ် တော်တွင် တာဝန်ယူတင်ပြပေး မည့် လွှတ်တော်ကိုယ်စားလှယ် မရှိဟု သတင်းများထွက်ပေါ်နေ သော်လည်း ယခုယင်းဥပဒေအ တွက် လွှတ်တော်တွင် ရဲဝံ့စွာတင် ပြပေးမည့် လွှတ်တော်ကိုယ်စား လှယ် ထွက်ပေါ်လာသည့်အတွက် ယင်းဥပဒေဖြစ်မြောက်ရေး ဆောင် ရွက်နေသော ဆရာတော်များက ဝမ်းသာစွာ ကြိုဆိုနေကြောင်း မိန့်ကြားသည်။ အရှင်စန္ဒာသီရိက ''ဒီလိုမျိုး တာဝန်သိစွာနဲ့ လုပ်ဆောင်ပေး မယ့်သူရှိလာတော့ ဦးဇင်းတို့အ နေနဲ့ဝမ်း သာတယ်။ ကျေးဇူးလဲ တင်တယ်။ ကြိုလည်းကြိုဆို ပါ တယ်။ ဦးဇင်းတို့ စလုပ်တုန်းက လဲ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီအတွက်မှ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် တစ်ဖက် တစ်လမ်းက အထောက် အကူပြုမယ်ထင်လို့ သံဃာတော် တွေ ဦးဆောင်ခဲ့တာပါ''ဟု မိန့် ကြားသည်။

အဆိုပါဥပဒေနှင့်ပတ်သက် ၍လည်း အမျိုးဘာသာ၊ သာသ နာထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ နိုင်ငံရေးပါတီမှတာ ဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်း များ၊ ဘာသာပေါင်းစုံချစ်ကြည် ရေးအဖွဲ့မှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှု များကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။

''ဘာသာပေါင်းစုံ ချစ်ကြည် ရေးက ခေါင်းဆောင်တွေနဲ့ ဆွေး နွေးမှုလုပ်တဲ့အခါမှာလဲ သူတို့က ဒီဥပဒေဘာကြောင့် လုပ်ဆောင် ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်း ပြတဲ့အခါကျတော့ သူတို့အနေနဲ့ လက်ခံတယ်။ အားလုံးတန်းတူညီ မျှတဲ့ အခွင့် အရေး အတွက် ဖြစ်သင့် တယ်လို့ ပြောကြတယ်''ဟု အမျိုး ဘာသာ၊ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ရုံးအဖွဲ့မှူးက မိန့်သည်။ မျိုးစောင့်ဥပဒေကို ထောက် ခံသည့် ပြည်သူများ၏လက်မှတ် သုံးသန်းကျော်ကို ပြည်သူ့ လွှတ် တော်ရုံး သို့ ပေးပို့ခဲ့သည်မှာ နှစ် ကြိမ်ရှိပြီးဖြစ်ပြီး ဆက်လက်၍ လည်း ပြည်သူ့လက်မှတ်များကို ကောက်ခံပေး ပို့သွားဦးမည် ဖြစ် ကြောင်း အမျိုးဘာသာ၊ သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ပြောကြားချက်အရ သိရ သည်။

ရွှေရည်မဉ္ဇူ