Showing posts with label ပြည်တွင်းသတင်းများ. Show all posts
Showing posts with label ပြည်တွင်းသတင်းများ. Show all posts

Wednesday, August 7, 2013

 မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်

မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်


သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌ ကျောင်းသားနှင့် ကျောင်းသူနှစ် ဦး စာသင်ခန်းအတွင်း ချစ်ရည်လူးနေကြသော ဗီဒီယိုဖိုင် ကို မသမာသူများကအင်တာနက် မှ လွှင့်တင် လိုက်ရာ ဂျာနယ်စာ မျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေ များအဖြစ်ရောင်း ချလာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အခွေရောင်းချ လာမှုအပေါ် ခရီးသွားပြည်သူ တစ်ဦးက ပြောကြားရာတွင် ““အင်းယား လမ်းမီး ပွိုင့်နဲ့ ဦးဝိစာရ မီးပွိုင့်ကြားမှာ GTC  အခွေတွေ ပြပြီး လူငယ်တွေလိုက်ရောင်းနေ တယ်။ ဒါဟာမ လုပ်သင့် တဲ့ကိစ္စပါ။လုပ်စားတဲ့အနေနဲ့ရိုက်ထားတဲ့ နိုင်ငံခြားအပြာခွေတွေလိုက်ရောင်း တာ ဘာမှမပြောလိုပေမဲ့ အခုလို လုပ်တာတော့ နှမချင်းစာနာသင့် ပါတယ်။ မီးပွိုင့်မှာလည်း ယာဉ် ထိန်းရဲတွေရှိတာပဲ။ မဖမ်းချင်ရင် တောင် တားမြစ်သင့်သလို၊ရဲစခန်း ကိုအကြောင်းကြားသင့်ပါတယ်။ ဒီကိစ္စမှာ လူငယ်နှစ်ဦးမှားယွင်း တာဖြစ်ပေ မဲ့ မသမာသူတွေရဲ့ လုပ်ရပ်ကြောင့် လူအများကြီးမှာ ထိခိုက်ခဲ့ရပါတယ်။ ထဘီနက်ပြာ ၀တ်တဲ့ ကျောင်း သူတွေကို တချို့က ပြုံးစိစိနဲ့ကြည့်တာမြင်ရ တော့ သူတို့လည်း ဂုဏ်သိက္ခာ ကျရပါတယ်။ အဲဒါကြောင့် အခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေ ကို ဖမ်းဆီးအရေးယူသင့်ပါတယ်”” ဟု ပြောကြား သွားခဲ့သည်။

အဆိုပါ GTC ကျောင်းသား ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး သတင်းဂျာနယ်တစ်စောင်၌ ဖော် ပြခဲ့ရာ GTC  ကျောင်းသားများ နှင့် ကျောင်းသူများက ရှင်းလင်း ပွဲတစ်ခုပြုလုပ်ခဲ့ပြီးအဆိုပါဂျာနယ် အနေဖြင့် တောင်း ပန်ခြင်း ပြန် လည်ထည့်သွင်းပေးရန်တောင်းဆို ထားကြောင်းလည်း သိရသည်။