Showing posts with label ဗဟုသုတစာစုများ. Show all posts
Showing posts with label ဗဟုသုတစာစုများ. Show all posts

Tuesday, October 15, 2013

 နှလုံးရောဂါရှင်များ သီချင်းများများနားထောင်ပါက အကျိုးကျေးဇူးရနိုင်

နှလုံးရောဂါရှင်များ သီချင်းများများနားထောင်ပါက အကျိုးကျေးဇူးရနိုင်


ဥရောပ နှလုံးရောဂါ အဖွဲ့အစည်း ညီလာခံ (၂၀၁၃)တွင် တင်ပြခဲ့သော လေ့လာမှု အသစ်တစ်ခုအရ နှလုံး ရောဂါခံစား နေရသော လူနာများ အနေဖြင့် ၎င်းတို့နှစ်သက်သည့် တေးဂီတ သံများကို နားထောင်ခြင်းဖြင့် ကျန်းမာ ရေးအတွက် အကျိုးကျေးဇူးရရှိနိုင် ကြောင်း သိရှိရသည်။ နှလုံးရောဂါ လူနာ ၇၄ ဦးကို အုပ်စု ၃ စုခွဲကာ ပထမအုပ်စုကို ကာယလေ့ကျင့်ခန်း ၃ ပတ်ကြာလုပ်စေခဲ့ပြီး ဒုတိယအုပ်စု ကို ၎င်းတို့နှစ်သက်သည့် တေးဂီတ သံများအား နားထောင်စေခဲ့သည်။ တတိယ အုပ်စုကိုမူ ကာယလေ့ကျင့် ခန်းရော ၎င်းတို့နှစ် သက်သည့် တေး ဂီတ နားထောင်ခြင်းကိုပါ နှစ်ခုစလုံး လုပ်ခိုင်းခဲ့သည်။ 
တတိယ အုပ်စုသည် နှလုံးစွမ်း ဆောင်ရည်များ သိသိသာသာ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိ ရပြီး ကာယလေ့ကျင့်ခန်း လုပ် နိုင်စွမ်းရည် ၃၉ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ ပထမ အုပ်စုတွင် ကာယ လေ့ကျင့်ခန်း လုပ်ဆောင်နိုင် စွမ်းရည် ၂၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး တေး ဂီတသက်သက် နားထောင်နိုင် သူတို့မှာ ကာယလေ့ကျင့်ခန်း လုပ်ဆောင်နိုင်စွမ်းရည် ၁၉ ရာခိုင်နှုန်း သာလျှင် တိုးတက် ခဲ့သည်။
တေးဂီတ နားဆင်သော အခါ ဦးနှောက် အတွင်းမှ အင်ဒိုဖင်းဟုခေါ် သော ဟော်မုန်းများ ထွက်လာပြီး သွေးကြော ကျန်းမာရေး ကောင်းစေသည်ဟု ဆိုသည်။ အကောင်းဆုံး ဂီတ အမျိုးအစား ဟူ၍ သတ်မှတ် ချက်မရှိဘဲ ပျော်ရွှင်မှုဖြစ်စေသော ဂီတကိုနားဆင် သင့်ကြောင်း သိရှိရသည်။ 
မောင်
By Health Digest

Monday, October 7, 2013

 ရုပ်လှစရာမလို အနေလှဖို့သာလို

ရုပ်လှစရာမလို အနေလှဖို့သာလို





မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

ဘ၀မှာလှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ် ၀ိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။
တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး
သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ "ရေ"ပါတဲ့။ နူး ညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေ တယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရှု့ခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။
ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။

မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။

မိန်းမကောင်းတွေဟာကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ကြန်အင် လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။
မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ် လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေ ကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။

နှလုံးသားထဲချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာဘယ်လောက် ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့အရိပ်တွေ ကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။
မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ် ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်းဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။
မိန်းကလေးတိုင်း ထူးချွန် ထက်မြက်မှာမဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်း ဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင် ရယူသူတွေ ဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပ ဖို့လည်း ကျွန်မတို့မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစု မှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ရုပ်ရှည်မလှပ လို့၊ မချမ်းသာလို့ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မ တို့ ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။
တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်လှတယ်၊ မလှဘူးနဲ့မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုး တယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်
ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင် ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလိုကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်း ထဲမှာစစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေ ဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ် ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက် တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသား အရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့
လှလှပပ ရှင်သန်နေထိုင်သင့်တယ်.................။
 ကျားအင်္ဂါ ကြီးစေခြင်း(+18)

ကျားအင်္ဂါ ကြီးစေခြင်း(+18)



1. ဆရာ့ရဲ့ ရှုထောင့် သက်သက်ကနေပြောမယ်ဆိုရင် ရှည် (သို့) ကြီး စေဖို့အတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံး ထိရောက်မှု အရှိနိုင်ဆုံး နည်းလမ်းကို ပြောပါဆိုရင် မည်သည့်နည်းကို ထောက်ခံ အားပေးမည်လဲ။
2. ပြီးတော့ အီတလီနိုင်ငံကထုတ်တဲ့ Andropenis လို ထောက်တိုင်နဲ့ ကွင်းစွပ်ရတဲ့ Extender လို ကိရိယာမျိုးကို ရှည်ဖို့ သက်သက်အတွက်ဆိုရင် ဘေးထွက် ဆိုးကျိုးနည်းပြီး ထိရောက်မှု ရှိနိုင်တယ်လို့ ယူဆပါ သလား။
3. မြန်မာ့ လူမှုအသိုင်းအဝိုင်းတွင် ဤကဲ့သို့သော ပညာပေးခြင်း၊ ဆွေနွေးခြင်း ကိစ္စရပ်များကို ရှက်စရာ ရွံစရာဟု သတ်မှတ်ခြင်း ခံထားရတာကြောင့် ပွင့်လင်းစွာ ဆွေးနွေး-တိုင်ပင်-အကြံဥဏ်ရယူနိုင်သော ဆရာဝန်မှာ ပြည်တွင်း၌ မရှိသလောက် ရှားပါသည်။ ရှိသည့်တိုင်အောင်လည်း တိုင်းပြည်တွင် လွတ်လပ် စွာ ပြောဆိုခွင့် မရှိသောကြောင့် ပွင့်လင်းစွာ ပြောရဲဖို့ မလွယ်ကူပါ။
Andropenis နည်းကို Effective non-surgical penis enlargement မခွဲစိတ်ရဘဲ ထိရောက်တဲ့ ကျား-လိင်အင်္ဂါ ကြီးစေနည်းလို့ ဆိုပါတယ်။ သူ့ (ဆိုဒ်) မှာ ရေးထားတာမှန်သမျှတော့ အကောင်းကြီးသာ ပါတယ်။ တခြားနည်းတွေထက် သာတယ်။ Length increase အရှည် 4 cm (1.6 inches) အထိ တိုးလာစေမယ်၊ Girth increase လုံးပတ် 1.5 cm (0.6 inches) ရှိလာစေမယ်၊ Curvature correction ကောက်နေတာကို ၄ဝ% ဖြောင့်စေမယ်လို့ စာက ဆိုပါတယ်။
ရိုးရိုးနေချိန်ရော သန်မာမှုဖြစ်ချိန်မှာပါ တိုးတယ်ဆိုတာ သိသာတယ်။ ၂ လအတွင်း ပြောတာ မဟုတ်ရင် ငွေပြန်အမ်းမယ် ဆိုတာလဲ ပါသေးတယ်။ ဒီနည်းဟာ Medical principle of traction ဆွဲဆန့်ခြင်း ဆေးပညာ-သဘောတရားကို အခြေခံတယ်။ သူတို့ဆီက ရှေးရိုးဥပမာတောင် ပြလိုက်သေးတယ်။ ကိုယ့်ဆီမှာ ဘာနဲ့ တူမလဲဆိုရင် ပဒေါင် (ကယား၊ ကယန်း) အမျိုးသမီးတွေ လည်ပင်းမှာ ကြေးပတ်တဲ့ ဓလေ့ကြောင့် ကြာလေလေ လည်ပင်းရှည်လေလေသဘော ဖြစ်မယ်။
Andropenis နည်းမှာ Progressive traction force ဆွဲဆန့်အားကို တိုးတိုးလုပ်ပေးတာဖြစ်တယ်။ ဆွဲအား 600 နဲ့ 1500 grams ကြားမှာ ရှိတယ်။ ဒီလိုလုပ်လို့ Suspensory ligament အရွတ်၊ Corpus cavernosum အတွင်းမွလွှာ နဲ့ တခြားဟာတွေကို သက်ရောက်စေတယ်။ Stimulates growth ရှည်လာစေအောင် နိုးဆွပေးမယ်။
ကရိယာ ၃ မျိုး ရှိတယ်။
1. Andropenis Peyronie လိင်တံ ကောက်နေတာကို ပြင်ဘို့၊
2. Andropenis Mini မွေးရာပါကို ပိုရှည်ဘို့ နဲ့
3. Andropenis Postsurgery ဆီးလမ်း ခွဲစိတ်လိုက်ရလို့ တိုသွားတာကို ရှည်ဘို့အတွက် ဖြစ်တယ်။
ဆီးကျိတ်ကင်ဆာ၊ လိင်တံကောက်လို့ ခွဲစိတ်တာ၊ လိင်တံရှည်ချင်လို့ ခွဲစိတ်တာ၊ လိင်တံပစ္စည်းထည့်တာ၊ လိင်တံကို ထိခိုက်မိလို့ ခွဲစိတ်ရတာ၊ ဆီးထွက်ပြွန်ကျဉ်းလို့ ပြုပြင်တာ၊ ဆီးအိမ်ရောဂါတွေအတွက် ခွဲစိတ်တာတွေ လုပ်ရလို့ လိင်တံ နဂိုထက်တိုသွားရင် ဒီနည်းနဲ့ ပြန်ရှည်စေနိုင်တယ်။
Springs စပရင်တွေကို Stainless steel နဲ့ Shafts ရိုးတံကို Surgical aluminum တွေနဲ့ လုပ်ထားတယ်။ ကရိယာကို တောင့်တင်းမှု မရှိချိန်မှာ တပ်ဆင်ရတယ်။ ကရိယာ အမျိုးအစား အလိုက် တနေ့ ဘယ်နှစ်နာရီ တပ်ထားရတယ်ဆိုတာ သတ်မှတ်ထားတယ်။ ၄-၉ နာရီ ဖြစ်နိုင်တယ်။
Advantages အားသာချက်တွေ -
1. ကရိယာကို သူများ မသိအောင် တပ်ထားနိုင်တယ်။ လမ်းသွား၊ ထိုင်နေ၊ ရပ်နေရတယ်။
2. ဘာအလုပ်မှ မပျက်ဘူး။
3. လူမျိုးမရွေး၊ အရွယ်မရွေး ရတယ်။
4. ခွဲစိတ်စရာ မလိုပါ၊
5. ထာဝရ ရလဒ်ဖြစ်တယ်၊
6. ဥရောပမှာ တရားဝင် အသိအမှတ်ပြုခံထားရလို့ CE Certification ရှိထားပြီ၊
7. ၉၇% ထိရောက်တယ်။
Disadvantages အားနည်းချက်တွေ -
1. ကုသမှုကို ၆-၇ လ လုပ်ရတယ်။
2. တနေ့မှာ အချိန်ကြာကြာ တပ်ထားရသလို လိုသလိုရလာဘို့ အချိန်ယူရမယ်၊
3. လိင်စိတ် တိုးလာအောင် လုပ်မပေးနိုင်ဘူး၊ ပန်းသေတာ မကုနိုင်ဘူး၊
4. ကရိယာ တပ်ထားရလို့ အနေရခက်နိုင်တယ်၊
5. ကရိယာတခုဟာ ၁၅ဝ ကနေ ၃၅ဝ ဒေါ်လာပေးရတယ်၊
6. စိတ်ရှည်ဘို့နဲ့ ဇွဲလိုမယ်၊
7. လုံးပတ်တိုးမှာက သိပ်မသိသာဘူး၊
ပဌမမေးခွန်းကို နောက်မှာ ဖြေပါရစေ။ ရှည်စေ- ကြီးစေဖို့အတွက် ဘယ်နည်းကို ထောက်ခံ အားပေး ရမလဲ။
• လူနာ (ကာယကံရှင်) ကို နည်းတွေ ဘယ်လိုရှိတယ်၊ ဘာက ဘယ်လို စတာတွေ ပြောဘို့သင့်ကြတယ်။ အကောင်းရော ဖြစ်လာနိုင်လောက်တဲ့ ဆိုးကျိုး၊ ကုန်ကျစရိတ် အပါအဝင်ပေါ့။
• ဘာလို့ လုပ်ချင်သလဲ ဆိုတာ အပေါ်မှာလဲ အများကြီး မူတည်သေးတယ်။
• လုပ်ချင်တယ်ဆိုသူဟာ သူ့အင်္ဂါအစိတ်အပိုင်းက လူရာမဝင်ဘူးလို့ တလွဲထင်နေတာဆိုရင် မမှန်ကြောင်း ပြောရအုံးမယ်။ ယောက်ျား လိင်တံ အတို-အရှည်ဆိုတာ ဆေးပညာ သတ်မှတ်ချက် တခုအရ ပုံမှန် အချိန်မှာ 1.6 inches (4 cm) ထက်တိုပြီး၊ တောင့်တင်းမှု ရှိချိန်မှာ 2.75 inches (7 cm) ထက် နည်းတာ ကိုသာ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအတိုင်းအတာ ရှိရင် သူ့အလုပ်သူ လုပ်နိုင်စွမ်းရှိလို့ ဖြစ်တယ်။
• လူနာကိုယ်တိုင်ကို ရွေးချယ်ခွင့် ပေးပါမယ်။

Saturday, September 21, 2013

 ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း



ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း    ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။  ၁။ Decreasing eyesight  ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။  ၂။ Muscle weakening ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။  ၃။ RSI (Repetitive strain injury) ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။  ၄။ Menal side effects  ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။  ၅။ Back Problems ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ  အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။  ကာကွယ်နည်း ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။  နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။  Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။  Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။  mmforward.blogspot.com

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။


၁။ Decreasing eyesight
ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၎။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

mmforward.blogspot.com

Monday, September 16, 2013

 ပေါင်ခြံဖြူစေရန်

ပေါင်ခြံဖြူစေရန်


နေ့စဉ်ရေ(၁၂)ခွက်ရအောင် သောက် ပါ။

မုန်လာဥအဖြူဖျော်ရည်ကို သောက် ပါ။

သခွားသီးအခြမ်း (သို့မဟုတ်) သခွား ရည်ပွတ်လိမ်းပေးပါ။ (၁) ညထား၍ နံနက်ရောက်မှ ဆေးပစ်ပါ။

သစ်ကြံပိုးခေါက်အမှုန့် အနည်းငယ် နှင့်ပျားရည်လက်ဖက်ရည်ဇွန်း တစ် ဝက်နှင့် ရော၍လိမ်းပါ။

မင်သော်ရွက်ကို အနှစ်လုပ်၍ လိမ်း ပါ။ မိနစ် (၂၀-၃၀)ခန့်ထားပြီး ရေ ဆေးပါ။

သံပရာရည်၊ နနွင်း၊ ပျားရည်စသည့် သဘာဝချွတ်ဆေးကို ပေါင်ခြံရှိအ မည်းကွက်နှင့်အနီကွက်နေရာကို လိမ်းပေးပါ။

ဂျုံ၊နို့၊လက်ဖက်ရည် (၂)ဇွန်း၊ ရှောက် ရည်(၃-၄)စက်ကို ရော၍လိမ်းပြီး (၁၅)မိနစ်ခန့်ထားပါ။ ပြီးမှ ရေ ဆေးချပါ။ (၁၅)ရက် ရက်(၂၀)ခန့်ကြာလျှင် အမည်းကွက်၊ အနီကွက် များ သိသာစွာ လျော့ပါးလာသည်ကို တွေ့ရမည်။
လိမ္မော်ခွံကို ကြိတ်ပါ။ သံပရာရည် နှင့်ရော၍ အဖတ်ပြုလုပ်ပြီး လိမ်း ပါ။

ကြပ်သောအတွင်းခံများကို မ ဝတ်ပါ နှင့်။
နေ့စဉ် နို့နွေးနွေး(၁)ခွက်ကို နနွင်း လက်ဖက်ရည်(၁)ဇွန်း ထည့်၍ သောက်ပါ။

Sunday, September 1, 2013

MOTAA Horo Myanmar V1.0 For Android

MOTAA Horo Myanmar V1.0 For Android




မြန်မာဇာတာခွင်တွေ တွက်ချက်နိုင် ၊ ဇာတာခွင်တွေဖွဲ့နိုင်တဲ့ မြန်မာ Android ဖုန်း Application လေးပါ။ ဇာတာတွက်ချက်မှုဆိုင်ရာ fuction တွေတော်တော်လေးကိုစုံလင်လှပတဲ့ မြန်မာဗေဒင် application လေးဖြစ်ပါတယ် ။ MOTAA Horo Myanmar v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

MOTAA Horo Myanmar v1.0 for Android
MOTAA Horo Myanmar v1.0 for Android




From: Myanmar Mobile App

Tuesday, July 30, 2013

မိဘမေတ္တာ

Royal Hero Media

အသက် ၈၀ အရွယ် အဘိုးအိုနှင့် အသက် ၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့ ဧည့်ခန်းတွင်းရှိ ဆိုဖာ တွင် ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့ ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ အဖေဖြစ်သူက အဲဒါဘာကောင်လဲလို့မေးသောအခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။

နောက်မိနစ် အနည်းငယ် အကြာမှာ အဖေဖြစ်သူ အဘိုးအိုမှ အဲဒါ ဘာ အကောင်လဲဟု ဒုတိယအကြိမ် ထပ်မေးလေသည်။ ဒီအခါမှာ သားဖြစ်သူမှ အဖေကလည်း အခုလေးတင်ပဲ ကျီးကန်းပါလို့ သားပြောပြီး ပြီလေဗျာ။

နောက်ခဏနေတော့ အဖေဖြစ်သူ အဘိုးအိုက တတိယ အကြိမ်အဖြစ် အဲဒါဘာ အကောင်လဲဟု ထပ်မေး လေသည်။ ဒီတွင်တော့ သားက ဒေါသသံဖြင့် အဖေဖြစ်သူကို အဲဒါကျီးကန်းလို့ခေါ်တယ် လို့ အသံမာမာဖြင့် ပြောလေသည်။

နောက်ခဏနေတော့ အဖေက သားအား အဲဒါ ဘာကောင်လို့ ခေါ်လဲဟု လေးကြိမ်မြောက် မေးမြန်းလေ သည်။ အဲဒီမှာ သားဖြစ်သူက ဒေါသဖြင့် အဖေ၊ ဘာလို့ ဒီမေးခွန်းကိုပဲ ခဏခဏမေးနေတာလဲ။ အဖေ့ကို ကျနော် ဘယ်နှခါ ဖြေရမလဲ ကျီးကန်းလို့ ခေါ်တယ်။ အခုချိန်ထိ အဖေနားမလည်ဘူးလား။ မှတ်မထားဘူး လားစသည်ဖြင့် ဆူပူကြိမ်းမောင်းလေသည်။

ခဏနေတော့ အဖေက အိပ်ခန်းထဲသို့ ၀င်သွားပြီး သားမွေးဖွားလာတဲ့ နေ့မှစပြီး၊ မှတ်တမ်းအဖြစ် သိမ်း ဆည်းထားတဲ့ ဟောင်းနွမ်းစုတ်ပြဲနေပြီ ဖြစ်တဲ့နေ့စဉ်ရေးဒဏ္ဍရီ လေးကို ထုတ်လာလေသည်။ စာအုပ်ဟောင်း လေးမှ စာမျက်နှာတစ်ရွက်ကို ယခု အသက်၄၅ နှစ်အရွယ် သားဖြစ်သူကို ဖတ်ခိုင်းလေသည်။ သားဖြစ်သူ ဖတ်လိုက်တဲ့စာကတော့ .............

“ ဒီနေ့ သုံးနှစ်အရွယ် ကျနော့သားငယ်လေး နဲ့ကျနော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း ကျီးကန်း တစ်ကောင် ပြတင်းမှာ လာနားနေတယ်။ ကျနော့ သားက အဖေလို့ခေါ်ပြပြီး အဲဒါဘာကောင်လဲ ဖေဖေလို့ ၂၃ ခါတိတိ မေးပါတယ်။ ကျနော်ကလည်း ၂၃ ခါလုံးကိုဖြေလိုက်တယ်။ သားစကား သံလေးနဲ့ ပီတိဖြစ် ၀မ်းသာကြည်နူး နေရတဲ့ ကျနော်လေ သားမေးတာကို မမောမပန်း ၂၃ ခါလုံးလုံး ဖြေကြားလိုက်တယ်။ ပြီးတော့ စကား အလွန်တတ် လှတဲ့ သားလေးမေး သမျှကို စိတ်ဆိုးခြင်း စိတ်မရှည်ခြင်း မဖြစ်ဘဲ အပြစ် ကင်းပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးကို ပိုက်ထွေးလိုက်ပါတယ် ... ”

ကလေးတစ်ယောက်ရဲ့ ၂၃ ခါလုံး အဲဒါ ဘာအကောင် လို့ခေါ်လဲ ဆိုတဲ့ မေးခွန်း ကို မိဘဖြစ်သူမှ စိတ်တိုခြင်း ကင်းပြီးဖြေကြား ခဲ့ပေမယ့် အခုဒီနေ့တော့ အဖေဖြစ်သူက တူညီတဲ့ မေးခွန်းကိုပဲ ၄ကြိမ်လောက်လေး မေးတာကို သားဖြစ်သူက ဘာကြောင့်စိတ်ဆိုး စိတ်ကတိ ကအောက် ဖြစ်ရသနည်း။

အကယ်၍များ မိဘများ အသက်အရွယ် အိုမင်းလာချိန်မှာ သူတို့ကို မလိုလားမနှစ်မြို့ခြင်း မဖြစ်ဘဲ ၀န်ထုပ် တစ်ခုကို စောင့်ရှောက်သကဲ့သို့ သူတို့ကိုပြန်လည် စောင့်ရှောက်သင့်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့ အခါမှာလည်း ငြိုငြင်ခြင်း ကင်းပြီး ချစ်ခင်ဖွယ် သာယာဖွယ်စကား၊ စိတ်ချမ်း သာဖွယ် စကား၊ ရိုသေကျိုးနွံခြင်း၊ နှိမ့်ချခြင်း၊ ကြင်နာခြင်း အပြည့်နဲ့ ပြောဆိုသင့် ပါတယ်။ မိဘများဟာ သားသမီးတွေ ငယ်စဉ်ထဲက အခုချိန်ထိ ဂရုစိုက်မှုတွေ မပြတ်ကြ သေးပါဘူး။ သူတို့ကိုယ်ကျိုးကို မငဲ့ကွက်ဘဲသားသမီးတွေ အပေါ်မှာ မေတ္တာတွေ စီးဆင်းဆဲ စီးဆင်းလျှက်ပါ။

ကဲ..မိတ်ဆွေ!! သင်ရော..... သင့်မိဘ အပေါ်မှာ စိတ်တိုခြင်း၊ စိတ်မရှည်ခဲ့ခြင်း ဖြစ်ခဲ့ဖူးပါသလား? ဖြစ်ခဲ့ဖူးရင် နောက်မကျ သေးပါဘူး..မိတ်ဆွေ။ သင်သိတဲ့ အချိန်က စပြီးပြန်လည် ပြုပြင်လို့ အချိန်ရနေ ပါသေးတယ်။

ဒါကြောင့် အခုပဲ ငါသည် ယခုအချိန် မှစ၍ ငါ့မိဘများကို စိတ်ချမ်းသာ ပျော်ရွှင် စေရမည်၊ ငါ့မိဘများ ဘယ်လောက်ပဲ အိုမင်းမစွမ်း ရှိနေပါစေ၊ ငါ့မိဘကို တစ်ဖန်ပြန်လည် ပြုစုလုပ်ကျွေး စောင့်ရှောက်ကာ ကောင်းမွန်မြင့်မြတ်သော လမ်းကို ငါလျှောက်ခြင်းဖြင့် သားလိမ္မာ၊ သမီးလိမ္မာ ဘ၀ကို ဖြစ်စေမည်ဟု မိမိကိုယ်မိမိ ကျယ်ကျယ် လောင်လောင်နှင့်သာ ကတိပေးလိုက်ပါ။

သင်... အချိန်မီ ပါသေးတယ်။

အားလုံးပဲ ဒီပုံပြင်လေး အတိုင်း အတုယူ နိုင်ကြပါစေ........


Credit - Original up-loader

Wednesday, July 24, 2013

 Online တွင် ခင်မင်ကြ ရာဝယ် သတိထားရန် ..

Online တွင် ခင်မင်ကြ ရာဝယ် သတိထားရန် ..





ယခုလို တိုးတက်လာတဲ့ခေတ်ကာလကြီးမှာ... အင်တာနက်ဆိုတာကို ယခင်က လူတန်းစား တစ်ရပ် ပဲ သုံးစွဲနိုင်လာ ရာကနေ ... လက်ရှိ မြန်မာ နိုင်ငံ တိုးတက်မှုအရ..လူတန်းစားအလွှာအသီးသီး .. အတန်းပညာ မရွေး .. အသုံးပြု လာနိုင်ကြပြီ။

အင်တာနက်ကို တစ်လွဲ အသုံးချ တဲ့ ပုရိဿ အချှို အကြောင်း ကြားဖူးနေကြမှာ အမှန်ပါပဲ။ အစ ကတော့ ရိုးရိုး ခင်မင်ရာကနေ နောက်တော့ တစ်မျိုးတိုးလို့ ဆိုး ပြန် ဆိုပဲ...ဆိုပဲ ..။

တစ်ခါ မျှ မမြင်ဘူးတဲ့ ယောင်္ကျား တစ်ယောက်နဲ့ အွန်လိုင်းမှာ မကြာခဏ Chatting ကြတာ ကနေ...သံယောဇဉ် ငြိတွယ်ပြီး ဘဝတစ်သက်တာ အိမ်ထောင်ဘက် ဖြစ်သွား ကြသူတွေ ရှိသလို ... အပျို ရည်ပျက် ... ဗီဒီယိုတစ်ကွက် အဖြစ်ပြောင်းလဲ သွားကြ သူ တွေလဲ အများကြီးပေါ့။

အင်တာနက် ဆိုတာ .... ဆယ်နှစ်မျိုး ဂျင်းသုပ်... လို ... ရောချင်ရာရော...ပေါင်းချင်ရာပေါင်းစပ် ထား ပြီး ကိုယ်ကြို က်တာ ကိုယ်ရွေး စား နေကြတဲ့ ဟာကြီးမဟုတ်လား။

ပညာ ရှာတဲ့သူ.... မယားရှာတဲ့သူ.... လင်ရှာတဲ့သူ နဲ့ မိတ်ဆွေ အပေါင်းသင်းရှာသူ....ရှာချင်ရာ ရှာလို့ ရတဲ့ အဘိုး စတို ခန်းကြီး လို ပဲ။ အဘိုးက တွေ့ ကရာကောက်သိမ်းထားတာ..... လမ်းကတွေ့ တဲ့စကူ ကအစ ပိုက်တိုပိုက်ပျက် ..ထီးစုတ်..ဖိနပ်စုတ်.. ကနေေ၇ှးဟောင်း တန်ဖိုးကြီးပစ္စည်းတွေ... တစ်ခါ ... ဟိုးပဝေသဏီက .. ကိုယ်လုံးတီး ဖလင်အလိပ်လိုက်ကြီး တွေအထိ... ဘာတွေ မှန်းကိုမသိ စတိုခန်းထဲ ထည့်သိမ်းပြီး သော့ခါးကြားထိုးထားသေး .. လိုချင်တာရှိရင် အဘိုးဆီ ခွင့်တောင်းမွှေတာပဲ..... မရမရှိ ...ရတာပဲ..မရှိရှိတာ အသုံးချ လို့ ရတာတွေ့ လဲ ယူအသုံးချ လိုက်တာပဲ..မရှိသုံးပေါ့။


သည်လိုပဲ..အွန်လိုင်းဆိုတာ... တစ်ချှိုအတွက်တော့ မရှိသုံးသုံးလို့ သိပ်ကောင်းတယ်မဟုတ်လား... သည်တော့ မျိုးစုံကြိုးခုန် ကုန်ကြတာပေါ့။

သတိထားဖို့ ပြောချင်တာလေး တစ်ခုရှိလို့ သိုင်းဝိုင်းနေမိတယ်။ မိန်းကလေးတွေအတွက်ပါ..။

ဟယ်..ကိုယ်မသိတဲ့ယောင်္ကျား နဲ့ Chat ရတာ အန္တရယ်များတယ် ဆိုပြီး ကိုယ်မသိတဲ့ မိန်းကလေး နဲ့ Chat လျင်ရော... အန္တရယ် မဖြစ်ဖူးမထင်နဲ့ ။ အင်တာနက် ဆိုတာ... အထီးအမ မှန်း ခုထိ ဘယ်သူမှ မသိသေးဘူး။


ညီမလေး ...မမ နဲ့ .. မေးရင်းပြောရင်းကနေ ကိုယ့်အတွင်းရေးအကုန်သိပြီး ... ကိုယ့် အိမ်သွားပြေး လိမ်ရုံမက ကိုယ့်အမျိုးပါ ရှိသမျှ တက်တက်ပြောင် သွားနိုင်သေး..။


ဒါ နဲ့ တင်လား ဆိုတော့ မပြီးသေးပေါင်..။ လင်အကြောင်းသားအကြောင်း နှိုက်နှိုက်ချွတ် ချွတ် မေးလာ ရင်သတိလေးထား ပြောပေါ့ .။

ကိုယ်ကတော့ မိန်းမ ထင်ပြီး မမရယ် ညီမကလေ... ယောင်္ကျားကိုဘယ်လိုပြုစုပါတယ်။ ဘယ်လိုခံစားရပါတယ်။ ဘယ်လို အဆင်မပြေတာ စတဲ့ အိပ်ရာခန်းဝင် အကြောင်း အသေးစိတ် သူက လဲပြော ကိုယ့်လဲ မေးလာရင်.... Minions လေး တွေအော်သလို " ဝီရော...ဝီရော " လို့ သာ ခေါင်းထဲ ကိုေ အ်ာခိုင်းထားလိုက်..။

အပျို မလေး တွေ လဲ အတူတူပဲ..ဘယ်လို လူမျိုးကိုမှ ရင်ခုန်တာပါ ... ဘယ်ပုံဘယ်ပန်းမှ ဖီလင်လာတာပါ... ဆိုတာမျိုးတွေ။

သာမန်မိန်းကလေးတွေ Sex အကြောင်း ရင်းနှီးသူ တွေ စုမိတိုင်းမပြောကြဘူးလား လို့ မေးရင်း ..ဟုတ်ကဲ့... ပြောကြသပေါ့... နင့်ဟာ ကြီးတယ် ငါ့ဟာ သေးတယ် တောင် တိုင်းထွာ ကြသေး။ ( ခါး ကိုပြော ပါတယ် )

အိမ်ထောင်သည်တွေစုံလာရင် တော့ ပြောမနေနဲ့ တော့ တော်ရုံ ယောင်္ကျား နားရှက်လို့ ထပြေးမယ်။

အပျို တစ်အုပ်ထဲ အိမ်ထောင်သည် ခပ်သွက်သွက် တစ်ယောက် ရောက်နေ လဲ အဲသည့်အ ပျိုတွေ ဝိုင်းမေးတာနဲ့ အကုန် ပြောရင်း တစ်ဝါးဝ့ါး ပွဲကျ နေ ကြတာပါပဲ။ ဒါက အပြင်မှာ လူချင်းတွေ့ ထုံးစံ မဟုတ်လား။


Online ကျတော့ မတူဘူးလေ။ ဟိုဘက်က ဟာကြီးက မမ လို့သာဆိုတယ်.. အထီးကြီး ဖြစ်နေရင်ဘယ့်နှယ်လုပ်မတုန်း။

ကိုယ့်အတွင်းရေးတွေ မေးပြီး ကိုယ့်အားနည်းချက်လဲ သိရော ယောင်္ကျားလေး အကောင့်နဲ့ ဝင်လုံးပြီး ဒုက္ခ ပေး သွားနိုင် သေးတယ်မဟုတ်လား။

Online မှာ မိန်းမ ဆိုတိုင်း မိန်းမ မဟုတ် သလို ယောင်္ကျား ဆိုတိုင်း ယောင်္ကျားမဟုတ်သူတွေ တစ်ပုံကြီး မို့ ကိုယ့်ရှိသမျှ ဖွင့်ဟ ပြော ဖို့ ဘယ်တော့ မှမစဉ်းစားကြပါနဲ့ လို့ သာ သတိပေး ချင်တာပါ.။


လေးစားချစ်ခင်လျက်

 ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပိုသိကြသူများ

ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပိုသိကြသူများ


Photo: Young Buddhist Association
 (ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း၊ စာအုပ်မှ ကောက်နှုတ်ချက်)

ပြီးတော့ ဆန်းလွင်၏ဘဝသည် ကျွန်တော်နှင့် အီတလီဘုန်းတော်ကြီး ဦးလောကနာထတို့ တွေ့ဆုံကြစဉ်အခါ ဆရာတော် မိန့်ကြားဖူးသော သြဝါဒ စကားထဲက ဘဝနှင့် တူနေသည်ဟုလည်း ထင်မိပါသည်။ (ထိုဆရာတော်သည် ရောမ ဘုရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော ပုဂ္ဂိုလ်မြတ် ဖြစ်ပါသည်။)
ဆရာတော်က ‘ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး၊ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊ ဒီလိုပဲ ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာ သုံးရပ်ရဲ့ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊ ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင့်တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိဖြစ်ရတာပေါ့၊ ဒီလိုပဲ ဒကာကြီး၊ တစ်ခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိလာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ်သူဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်’ ဟု မိန့်တော်မူပါသည်။ 
မှန်ပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အများစုနှင့် နိုင်းစာလျှင် တခြား ဘာသာ အယူဝါဒကို စွန့်လွတ်ပြီး ဗုဒ္ဓာဘာသာသို့ ရောက်ရှိလာသူများက ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပို၍ သိကြသည်မှာ ယုံမှားဖွယ် မရှိပါ။ ဗုဒ္ဓဘာသာဝင် အများစုမှာ ဘုရား၊ တရား၊ သံဃာ၌ ယုံကြည် ကိုးကွယ် ဆည်းကပ်ရမည့် အစား တန်ခိုး ဒ္ဓိပါဒ် ကိစ္စတွေ လျှို့ဝှက်ဆန်းကြယ်တွေကို လိုက်စားချင်စိတ် ရှိနေကြလေသည်။ ဤတွင် ‘တရားဆို မဆန်းနှင့်၊ စကားဆို မကြမ်းနှင့်’ ဆိုသော ခန္တီး ဆရာတော် ဘုရား၏ သြဝါဒကို မှတ်သားဖွယ် သတိရမိပါသည်။ အမှန်မှာ ရိုးဖြောင့်သောစိတ် (အမာယာဝီ အသဋ္ဌော) သည်ပင် တန်ခိုး သတ္တိရှိသော စိတ်ဖြစ်သည်ကို နားလည်သင့်ပါသည်။ ဤစာကို ဖတ်ရသော အခါ ထိုသဘောကို နားလည်ရပါသည်။
(ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း၊ ဦးဟန်ဌေး၏ မိတ်ဆက် နိဒါန်း၊ စတုတ္ထအကြိမ်၊ ၁၉၉၉၊ စာ၊ ၁၀ -၁၁)မှ ကောက်နှုတ်ချက် ဖြစ်ပါသည်။ ဤပို့စ်ပါ ခေါင်းစီးမှာ မူလခေါင်းစီး မဟုတ်ပဲ ပို့စ် အဆင်ပြေစေရန် ထည့်ထားခြင်း ဖြစ်ကြောင်း အသိပေးပါသည်။