Monday, July 7, 2014
Virus သတ်ရာမှာ အစွမ်းထက်တဲ့ Smadav 2013 v9.4.1 Pro Full Version
နာမည်ကြီး Antivirus တွေကို ယှဉ်ပြိုင်ပြီး လူသုံးအများဆုံး Antivirus တစ်မျိုးကို ပြောပါဆိုရင် Smadav ကို ပြောရမယ်ထင်ပါတယ်.. Smadav က Indonesia က ထုတ်လုပ်တာဖြစ်ပြီး ကမ္ဘာ့နာမည်ကြီး Antivirus တွေ မသိ၊ မသတ်ပေးတဲ့ Virus, Trojan, Malware တွေကိုတောင် သတ်ပေးနိုင်ပါတယ်.. အထူးသဖြင့် Chrome, Sality, Win 32, Shortcut Virus တွေကို ကောင်းကောင်း နိုင်နိုင်ပါတယ်.. 5.9.2013 ရက်နေ့ ရက်စွဲနဲ့ ထွက်လာတဲ့ ခု နောက်ဆုံးထွက်လာတဲ့ 9.4.1 မှာတော့ ယခင် 9.3.1 တုန်းကထက် Virus အမျိုးအစားပေါင်း 130 ကျော်ကို သတ်ဖို့ ထပ်မံပေါင်းထည့်ပေးထားပြီး စုစုပေါင်း Virus အမျိုးအစားပေါင်း 7763 ကို သိရှိနှိမ်နင်းပေးနိုင်မှာဖြစ်ပါတယ်..
SmadAV Pro 9.4.1 Rev 2013. This 9.4.1, smadav update the database with the addition of 130 new viruses so that it becomes 7763, fixes bugs, and little change in the configuration settings.
SmadAV Pro 9.4.1 Rev 2013. This 9.4.1, smadav update the database with the addition of 130 new viruses so that it becomes 7763, fixes bugs, and little change in the configuration settings.
ဒေါင်း၇န်
========
Setup Download : 10 MB
MightyUpload
DropBox
Mediafire
Zippyshare
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Setup Download : 10 MB
MightyUpload
DropBox
Mediafire
Zippyshare
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
Android ဖုန်းများကို ကွန်ပျူတာမလိုဘဲ Root ကြမယ်.. ( S4..V-4.3 ကိုစမ်းသတ်အောင်မြင်ထား)
မင်္ဂလာပါနော်.... ကျွန်တော် သည်နေ့ ရေးဖြစ်တာလေးကတော့ ကျွန်တော် ကိုယ်တိုင် ကလိပြီး စမ်းသတ် အောင်မြင်ထားတဲ့ PermRoot လေးအကြောင်းပါဘဲ...သည်ကောင်လေးကတော့ ကျွန်တော် ခု ကျွန်တော့်ရဲ့ Samsaung Galaxy S4 Version- 4.3 လေးကို ထပြီးကလိမိရာကနေ တကယ် Root ပေါက်သွားတဲ့အတွက် ပျော်မိတယ်... ကိုယ်ပျော်သလို အများပျော်စေဖို့ကို ဆော့ဝဲလ်တင်မကဘဲ
လုပ်ဆောင်ချက်နည်းလမ်းလေးကိုပါ ပုံလေးတွေနဲ့ အသေးစိတ် ရှင်းပြလိုက်ပါတယ်နော်...
ကဲ ပထမဆုံး ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့ apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ် အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့ တရုတ်စာ နဲ့ ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက Cancel ဆိုတာကိုပြောတာပါ...သည်တော့ ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့ apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ ) MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ ဥပမာ Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့ Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက် စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ် ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်...
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
အဆင့် ( ၄ )
ဖုန်း apk ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
အိုကေ အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4 ကိုစမ်းသတ်ထားပါတယ် ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ် မိတ်ဆွေတို့လည်း စမ်းသတ် ကြည့်ကြပါနော် ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........
Friday, July 4, 2014
Hard Disk ကို Partition ခွဲနည်း
ဒီနည်းကတော့ Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေ ခွဲပြီး မိမိတို့ သိမ်းချင်တာတွေကို ခွဲသိမ်းလို့ ရပါတယ်..။ Windows XP မှာဆိုရင်တော့ Partition ခွဲရင် ဆော့ဝဲလ်နဲ့ ခွဲရပါတယ်..။ Windows7 မှာတော့ ဆော့ဝဲလ်မလိုပါဘူး..။ ဒီမှာပြထားတဲ့ နည်းအတိုင်းပဲ Partition ခွဲကြပါတယ်..။ နောက်တခုက အဲလို Partition တွေခွဲပြီး ဝင်းဒိုး နှစ်ခု၊သုံးခု တင်ထားကြပါတယ်..။ သဘောကတော့ စပါယ်ယာပါတ် အပိုထားတဲ့ သဘောပါပဲ..။ ပုံမှန်သုံးနေတဲ့ ဝင်းဒိုးက တခုခုဖြစ်လာခဲ့ရင် နောက်တခုကို အလွယ်ဖွင့်သုံးနိုင်အောင်လို့ပါ..။ လက်ရှိသုံးနေတဲ့ အချိန်မှာ အဆင်ပြေအောင်လို့ ဝင်းဒိုးအပို တင်ထားခြင်းပဲ ဖြစ်ပါတယ်..။ ပျက်သွားတဲ့ ဝင်းဒိုးကို အားတဲ့အခါမှ ပြန်ပြင်လို့ ရပါတယ်..။ ဒါကြောင့် Partition မခွဲတတ်သေးတဲ့သူများအတွက် ဒီနေ့ ဒီပို့စ်လေးကို တင်လိုက်ရပါတယ်..။
လုပ်ပုံလုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..။ လုပ်နည်းလွယ်ပေမယ့် ပုံတော့ နည်းနည်းများပါတယ်..။ မသိသေးတဲ့ ညီအစ်ကိုမောင်နှမများကတော့ အောက်ကပုံလေးတွေ ကြည့်ပြီး လေ့ကျင့်ခန်းတခုအနေနဲ့ လိုက်လုပ်ကြည့်လိုက်ပါဗျာ..ဒီပုံကတော့ ပါတေးရှင်းမခွဲခင် မြင်ရတဲ့ပုံပါ..
ပါတေးရှင်းခွဲဖို့ အရင်ဆုံး Computer မှာ Right Click ထောက်ပါ..။ အောက်ပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..
ဒါကတော့ မိမိတို့ ပါတေးရှင်းခွဲထုတ်ချင်တဲ့ အပိုင်းပေါ်မှာ Right Click ထောက်ပြီး အောက်ပုံအတိုင်း နှိပ်သွားလိုက်ပါ..။
အပေါ်ပုံလေးအတိုင်း ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်...
ဒီအဆင့်ကိုရောက်ရင် မိမိတို့ ခွဲထုတ်ချင်သလောက် GB ပမာဏကို ရိုက်ထည့်ပါ..။ အပေါ်ပုံမှာ သူပေးသလောက်ကို ယူရင်လည်းရပါတယ်..။ သူပေးသလောက်ထက် ပိုယူချင်လို့တော့ မရပါဘူး..။ ဒီပုံမှာတော့ သူပေးထားတာများနေလို့ ကျနော်က ရှော့ယူလိုက်ပါတယ်..။ ဒါကြောင့် 50 GB ရအောင် အောက်ကပုံအတိုင်း MB ပမာဏကို ရိုက်ထည့်လိုက်ပါတယ်... ရိုက်ထည့်ပြီးရင်တော့ 6 နေရာကို နှိပ်လိုက်ပါ..
အောက်ပုံအတိုင်း ပါတေးရှင်း အသစ်ထွက်လာတာကို မြင်ရပါလိမ့်မယ်.. ဒါပေမယ့် အသုံးပြုလို့ မရသေးပါဘူး..။ အသုံးပြုလို့ ရအောင် သူ့ကို New Simple Volume လုပ်ပေးရပါမယ်.. ဒါကြောင့် အသစ်ထွက်လာတဲ့ ၄င်းပါတေးရှင်းပေါ်မှာ Right Click ထောက်လိုက်ပါ.. ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း ဆက်နှိပ်သွားလိုက်ပါ..
ပေါ်လာတဲ့ ဘောက်စ်တွေမှာ Next ကိုပဲနှိပ်သွားလိုက်ပါ...
ဒီပုံမှာတော့ ပါတေးရှင်းကို မိမိတို့ သဘောကျတဲ့ အက္ခရာလေးတွေ တပ်ပေးလို့ ရပါတယ်..
အပေါ်ပုံ အတိုင်း Finish ပေးလိုက်ရင်တော့ အောက်ပုံအတိုင်း ပါတေးရှင်း အစိမ်းရောင်ကနေ အပြာရောင်ပြောင်းသွားရင် မိမိတို့ ခွဲထုတ်လိုက်တဲ့ ပါတေးရှင်းကို အသုံးပြုလို့ ရသွားပါပြီ...
အောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း Desktop က Computer မှာ Double Click နဲ့ ဖွင့်ကြည့်လိုက်ရင် ပါတေးရှင်းတခု ပေါ်ထွက်လာတာကို တွေ့မြင်ရပါလိမ့်မယ်...
ဒီလောက်ဆိုရင်တော့ ပါတေးရှင်းခွဲတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...