ရှုံးနိမ့်ချိန်မှာ မာနမကျိုးတဲ့ သူ။
* ရှုံးနိမ့်တဲ့အခါမှာလည်း ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့သူ။
* အောင်ပွဲခံချိန်မှာ မ၀င့်ဝါဘဲ သိမ်မွေ့ယဉ်ကျေးတဲ့သူ။
* အောင်မြင်တဲ့အခါမှာလည်း ရှုံးနိမ့်သူတွေအပေါ် ကရုဏာထားရဲတဲ့စိတ်ဓာတ်ရှိတဲ့သူ။
* ပြိုလဲကျဆုံးသွားသူတွေကို သနှားကြင်နာတတ်တဲ့သူ။
* ပန်းခင်းလမ်းတွေ့ရင်လည်းရင်ကော့
ကိုယ့်လမ်းကိုယ်ဖောက်လို့ ပန်းတိုင်အထိအရောက်သွားနိုင်တဲ့
* လဲပြိုချိန်မှာ စိတ်သတ္တိနဲ့ သူများအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထနိုင်တဲ့သူ။
* အိပ်မက်ကြီးကြီးတွေမက်ပြီး အဲဒိ အိပ်မက်တွေကို မဖြစ်ဖြစ်အောင် ကြိုးစားပြီး ဖန်တီးနိုင်တဲ့သူ။
* ရယ်မောခြင်းဖြင့် ဘ၀ကိုတည်ဆောက်ပြီး ငိုစရာတွေ့တဲ့အခါမှာလည်း ရယ်မောစရာတွေကို ရှာဖွေတတ်သူ။
* အမှန်တရားကို စောင့်ရှောက်ရဲတဲ့ သတ္တိရှိတဲ့သူ။
* အနိုင်ကျင့်တတ်တဲ့ ၀န်းကျင်မှာ အရှုံးမပေးဘဲ သည်းခံစိတ်နဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့သူ။
* မတရားမှုကို စိန်ခေါ်ရဲတဲ့သူ။
*ခွင့်လွှတ်ရဲတဲ့ သတ္တိရှိသူ။
* စာတော်ပြီး အတ္တမကြီးတဲ့သူ။
*စာမတော်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ကြိုးစားတဲ့သူ။
* မှားရင်လည်း အမှားကို တောင်းပန်ရဲတဲ့သူ။
* အမှားတွေကို သင်ခန်းစာယူပြီး အမှန်ကိုပြုပြင်ရဲတဲ့သူ။
* စာများများဖက်ပြီး သဘာဝတရားကြီးကို ဖက်စာအဖြစ် သဘောထားတဲ့သူ။
* မိဘကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်တဲ့သူ။
* ကိုယ်ကျိုးအတွက် မရည်ရွယ်ဘဲ အများကောင်းစားရေးကို ရည်ရွယ်ကြိုးစားတဲ့သူ။
အဲဒိလိုလူမျိုးတွေဖြစ်စေချင်တယ် ။ ဒီအထဲက တစ်ခုခုကိုလိုက်နာနိုင်ရင်ဘဲ ဘ၀မှာနေပျော်တဲ့သူဖြစ်လာမှာပါ။
ငါဖြစ်စေချင်တဲ့ သူ - ပန်းမျိုးတစ်ရာ >>>>> Download Now
ReplyDelete>>>>> Download Full
ငါဖြစ်စေချင်တဲ့ သူ - ပန်းမျိုးတစ်ရာ >>>>> Download LINK
>>>>> Download Now
ငါဖြစ်စေချင်တဲ့ သူ - ပန်းမျိုးတစ်ရာ >>>>> Download Full
>>>>> Download LINK